အခန်း (၁၃၃ - ခ)

234 33 1
                                    

Unicode

Cheng Xi အခန်းထဲမှ ထွက်လာသည့်အခါ အပြင်၌စုရုံးနေသည့် လူအုပ်ကြီးကိုတွေ့ရလေသည်၊ ထိုသူတို့မှာ Shen နှင် Fu မိသားစုဝင်များပင် ဖြစ်သည်။

Shen Wei သည် အားလုံးရှေ့တွင်ရပ်၍ ရေခဲတမျှ အေးစက်စိမ်းကားသည့်လေသံဖြင့် ပြောလာသည်မှာ "အားလုံးရောက်ကြပြီ မဟုတ်လား။ ဒါဆို အထဲဝင်ကြည့်လိုက်ပါ။"

ထို့နောက်တွင် တံခါးရှေ့ရပ်နေရာမှ ထိုသူများကို အထဲသို့ဝင်ကြည့်နိုင်ရန် လမ်းဖယ်ပေးလေသည်။ Cheng Xi လည်း ဘေးတွင်ရပ်ကာ သူ့ကို ထိန်းပေးထားလိုက်သည်။

အားလုံးက မေးလာကြသည်မှာ "Weiwei ၊ ဘာဖြစ်လို့လဲ။"

"အားလုံး အထဲဝင်ကြည့်လိုက်တာနဲ့ သိသွားကြမှာပါ၊ မဟုတ်ဘူးလား။"

ဤသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် အထဲဝင်သွားသည်။ အခန်းတွင်း၌ ဘာဖြစ်နေကြောင်း မြင်လိုက်ရလချိန်၌မူ နောက်ထပ်မေးခွန်းတို့ မေးနေစရာမလိုတော့ပေ။ လူအုပ်ထဲမှ ဒေါသနှင့်အတူ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံထွက်လာသည်၊ "Fu Mingyi!"

ထို့ပြင် အချို့သူများကလည်း အံ့ဩသွားပြီး၊ "Gong Hengjin? နင့်မှာ အရှက်သိက္ခာ နည်းနည်းလေးတောင် မရှိဘူးလား!"

Shen Wei ကမူ ထိုအရာအားလုံးတို့ကို စိတ်မဝင်စားဘဲ အခန်းအပြင်၌သာ ရပ်နေသည်။ Cheng Xi သူ့လက်ကိုဆုပ်ကိုင်ရန် လုပ်လိုက်ချိန်တွင် ရှောင်ဖယ်သွားပြီး၊ "လာလေ၊ ဟိုနား သွားရအောင်။"

နှစ်ယောက်သား လူမရှိ၊ လွတ်နေသည့် အနီးဆုံးအခန်းသို့ သွားလိုက်ကြသည်။ ထိုနေရာရောက်သည့်အခါ Shen Wei သည် လက်ဆေးရန် အထဲဝင်သွားသည်။ အခန်းထဲ၌ အချိန်အတန်ကြာ နေခြင်းဖြစ်ကာ သူ့လက်ချောင်းများကို ဆပ်ပြာလိမ်း၍ နည်းစနစ်မှန်မှန်အတိုင်း ဖြည်းဖြည်းချင်း လက်ဆေးနေသည်။ ပြီးသွားသည့်အခါ Cheng Xi ကို လှမ်းခေါ်လာသည်၊ "နင်လည်း လက်ဆေးသင့်တယ်။"

အလေးအနက် ပြောနေခြင်းဖြစ်သည့် Shen Wei ၏လေသံကြောင့် Cheng Xi သူလုပ်စေလိုသည့်အရာကို အငြင်းအခုံစကားဖြင့် မကန့်ကွက်လိုတော့ပေ။ သူမလည်း အခန်းထဲဝင်ကာ လက်နှစ်ဖက်ကို သေသေချာချာ သန့်စင်လိုက်သည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now