အခန်း (၇၅)

576 90 6
                                    

Unicode - နင် သူ့ကို ဒီလောက်ထိတောင် ဂရုစိုက်တာပဲလား။

Cheng Xi အလွန်မောပန်း နွမ်းလျနေခဲ့၍လားမသိ၊ ထိုနေ့က ကောင်းကောင်းအိပ်မပျော်ပေ။ တစ်ညလုံး အိပ်မက်များ မက်နေခဲ့သော်လည်း ထိုအိပ်မက်များက အဓိပ္ပာယ်ရှိသည့် အဖြစ်အပျက်များမဟုတ်ဘဲ လူအုပ်ကြီးများနှင့်အတူ ဆက်စပ်၍မရသည့် အဖြစ်အပျက်တို့ ရောယောင်ပါဝင် နေခြင်းဖြစ်သည်။

သူမ အိမ်တံခါးဆီမှကျယ်လောင်သည့် တံခါးခေါက်သံ ထွက်ပေါ်လာချိန်တွင် Cheng Xi မှာ တောင်ကုန်းလေးတစ်ခုပေါ်၌ ခြေဗလာနှင့်လျှောက်နေပြီး မညီညာသည့် အောက်ခင်းကျောက်တုံး အစိုင်အခဲများက သူမခြေဖဝါးတို့ကို ဓားထက်ထက်များသဖွယ် ရှနအောင်လုပ်နေသည်ဟု အိပ်မက်မက်နေလေသည်။

အချို့သောအခြေအနေများတွင် အိပ်မက်များသည် အတွင်းစိတ်ကို ပြန်လည်မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ယောက်အနေဖြင့် ဤအိပ်မက်သည် Lu Chenzhou ထံမှ သူမခံစားနေမိသည့် အန္တရာယ်အငွေ့အသက်ကို ကိုယ်စားပြုနေခြင်းဖြစ်ကြောင်း Cheng Xi နားလည်သည်။

အဆက်မပြတ် ထုရိုက်နေသည့် တံခါးခေါက်သံကြောင့် လန့်ဖျပ်စရာကောင်းသည့် သူမ အိပ်မက်မှာ ပျောက်ကွယ်သွားသည်။ Cheng Xi ခေါင်းမော့ကြည့်သည့်အခါ မော်နီတာကွက်လေးထဲ၌ Lin Fan ၏မျက်နှာကို တွေ့လိုက်ရသည်။ သူ၏အဝတ်အစားများက ဖရိုဖရဲ၊ ဆံပင်ပုံစံကလည်း မသပ်မရပ်အသွင်ဖြင့်  လုံးလုံးလျားလျား စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အငွေ့အသက်တို့ကို သူ့ထံမှ ထုတ်လွှတ်နေခြင်းကြောင့် Cheng Xi အလွန်အံ့ဩသွားသည်။

တံခါးပွင့်သွားသည်နှင့် သူက ချက်ချင်းပင် ရှေ့သို့ ခုန်ပြေးဝင်လာကာ သူမကိုသိုင်းဖက်ပြီး စိတ်အားထက်သန်စွာဖြင့် ပွေ့ဖက်နမ်းရှုံ့တော့သည်။ သို့သော် သူမ အတော်လေးကို စိတ်ကျဉ်းကျပ်၍ နေရခက်သွားသည်၊ Lin Fan ၏အပြုအမူမှာ Lu Chenzhou စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ဖြစ်နေခဲ့သည့်ညက လုပ်ရပ်တို့နှင့်မတူပေ။

သူ၏စိတ်အားထက်သန်နေမှုတို့မှာ ထိန်းချုပ်ထားခဲ့ရသည့် စိတ်ဆန္ဒများနှင့် ဒေါသတရားတို့ကြောင့် ဖြစ်ပေါ်လာပုံပေါ်သည်။ ဆေးလိပ်နံ့နှင့် အောက်သိုးသိုးဘီယာအနံ့တို့ ရောနေသည့်အပြင် ချိုအီမွှေးပျသည့် ရေမွှေးနံတစ်ခုကြောင့် သူ့ကိုယ်မှထွက်ပေါ်လာသည့် အနံ့အသက်တို့မှာ သည်းခံ၍မရနိုင်လောက်အောင်ပင် အတော်လေးဆိုးရွားနေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now