အခန်း (၄၅)

774 137 6
                                    

Unicode - အလောင်းအစား တစ်ခုလုပ်မလား။

Lu Chenzhou ၏ အပြုအမူအရ ထိုနေ့က Chen Jiaman ၏ အဖြစ်အပျက်သည် သူ့အပေါ်တွင် သက်ရောက်ခြင်းလုံးဝရှိပုံ မပေါ်ပေ။

ထို့ပြင် သူ၏လေ့လာမှုစွမ်းရည်ကလည်း ထို့ထက်ပို၍ ကောင်းလာနိုင်ဦးမည်လား။ သူမနှင့် Lin Fan တို့ ဘာမှလုပ်မနေခဲ့ကြောင်းမှာ သိသာထင်ရှားနေသည့်အပြင် ယနေ့ညတွင်လည်း သူမတို့နှစ်ယောက်က ထိုနေရာ၌ရပ်လျက်သားဖြင့် ရိုးရိုးသားသား စကားပြောနေခြင်းဖြစ်သည်။

အနည်းဆုံးတော့ လမ်းသွာလမ်းလာများ၏အမြင်၌ ထိုသို့ပင်ဖြစ်ကာ သူမတို့နှစ်ယောက်ကို အထင်မှားစရာဘာကိစ္စမှမရှိ။ Baldy ကိုယ်တိုင်ပင် သူမတို့နှစ်ယောင်အကြောင်းကို စကားနှစ်ခွန်း၊ သုံးခွန်းခန့်ဖြင့်သာ စနောက်လိုက်ပြီး ဘာမှဆက်မပြောတော့သည်ကို သူ သတိမပြုခဲ့သည်လား။

Cheng Xi အနေဖြင့် သူမဖုန်းကို အလောတကြီး ဖွင့်ကြည့်နေစရာ အကြောင်းမရှိသဖြင့် "အဲ့ဒီကိစ္စအတွက် ဒီနေရာမှာ ရှင်နဲ့ပြောဖို့လာတာလို့ ဘာကြောင့်ထင်ရတာလဲ။"

"တခြားဘာကိစ္စ ဖြစ်နိုင်ဦးမှာလဲ။ မင်းက ငါ့ကို အခြားအကြောင်းတွေ ပြောမှာဟုတ်လို့လား။"

Cheng Xi ဆွံ့အသွားရသည်။ အကြောင်းမှာ သူနှင့်အမှန်တကယ် ပြောလိုသည်က ထိုကိစ္စပင်ဖြစ်နေသည့်အတွက် ဖြစ်သည်။

သို့တိုင်အောင် ပထမဆုံးအနေဖြင့် သူမဘက်မှ ဤကိစ္စကို မည်သည့်အတွက်ကြောင့် ပြောလိုရခြင်းဖြစ်ကြောင်း ရှင်းပြရဦးမည်ဖြစ်သည်။ "ကျွန်မ ရှင်နဲ့ အဲ့ဒီကိစ္စပြောချင်တာမှန်ပေမဲ့ အခုလိုပြောရတဲ့အကြောင်းရင်းက ကျွန်မ တခြားတစ်ယောက်ကို ကြိုက်မိသွားလို့မဟုတ်ဘူး။ ကျွန်မရှင့်ချစ်သူ လုပ်ဖို့သဘောတူခဲ့တာက ရှင့်ကိုချစ်လို့မဟုတ်ဘဲ ရှင့်ဘက်က လက်ခံနိုင်မဲ့ နည်းလမ်းတစ်ခုအဖြစ်နဲ့ ကျွန်မအပေါ်မှာပိုပြီး ယုံကြည်မှုရှိလာစေချင်လို့ဆိုတာကို သေသေချာချာ ရှင်းပြဖို့လိုနေတယ်လို့ ခံစားရလို့ပါ။"

"ယုံကြည်မှု။" သူက ခပ်ထေ့ထေ့ပြုံးကာ သူမကို ခေါင်းမော့ကြည့်လာသည်။ "ကျန်တဲ့ဆရာဝန်တွေ အကုန်လုံးကရော မင်းလိုဘဲလား။ ကိုယ့်လူနာရဲ့ 'ယုံကြည်မှု' ကိုရဖို့ အားလုံးကိုစွန့်လွှတ်နိုင်ကြတယ်ပေါ့။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now