အခန်း (၁၀)

1.2K 175 0
                                    

Unicode - ငါ့ရဲ့ idol

ယခုအချိန်၌မူ ထိုကဲ့သို့ တူညီသည့်မေးခွန်းမျိုး နောက်ထပ်မေးလောက်တော့မည်မဟုတ်ဟု Chen Xi တွေးမိသည်။ အကယ်၍ မေးလာပါကလည်း မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။

ထိုအချိန်၌ သူမတို့စကားဝိုင်းထဲသို့ အခြားသူငယ်ချင်းများက ဝင်ရောက်ပြောဆိုလာ၍သာ တော်တော့သည်။

" Lin Fan ၊ နင့်အမေရဲ့ ကျန်းမာရေးကိစ္စနဲ့ပတ်သက်ရင် Chen Xi ကိုပြောပြသင့်တယ်နော်။ သူက 'Renyi' ဆေးရုံမှာ အလုပ်လုပ်နေတာဆိုတော့ နင့်အမေအတွက် ဆေးရုံရက်ချိန်း မြန်မြန်ရအောင်လုပ်ပေးနိုင်မှာဟ။ ပြီးတော့ အဲ့လိုလုပ်ပေးလိုက်လို့ သူ့အတွက်လည်း ဘာမှ အပန်းကြီးသွားမှာ မဟုတ်ပါဘူး။"

'Renyi' ဆေးရုံမှာ မြို့၏တောင်ပိုင်းဒေသတွင် နာမည်ကြီးသည့်ဆေးရုံတစ်ခုဖြစ်ကာ ဆေးရုံရက်ချိန်းရနိုင်ရန်အတွက် အလွန်ခက်လှသည်ဟူ၍ ဂုဏ်သတင်းမွှေးလှသည်။

Lin Fan မှ သူမ အား

"နင့်ဘက်က လုပ်ပေးဖို့ အဆင်ပြေပါ့မလား။"

သူငယ်ချင်းဖြစ်သူများ၏ အားတက်သရော ဝိုင်းဝန်းထောက်ခံမှုတို့ကြောင့်

"လုပ်ပေးဖို့က အဆင်ပြေပါတယ်။ ဒါပေမဲ့ ငါက စိတ်ကျန်းမာရေးဌာနမှာပဲ တာဝန်ကျတာဆိုတော့ တခြားဌာနကလူတွေထဲမှာ ငါသိတဲ့လူမရှိဘူး။ အဲ့ဒါကြောင့် နင့်ကို ဘယ်လောက်အတိုင်းတာအထိ အကူညီပေးနိုင်မလဲဆိုတာ သေချာမပြောတတ်ဘူး။"

သို့သော် သူမ အတန်းဖော်များက ဝင်ပြောပြန်တော့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လို အပြင်လူတွေလုပ်ပေးတာထက်တော့ ပိုကောင်းတယ်မဟုတ်လား။"

Cheng Xi ဘာမှ ဆက်မပြောတော့ပေ။ မကြာခင်မှာပင် မင်္ဂလာပွဲခမ်းအနား စတင်တော့မည်ဖြစ်၍ သူမတို့ပြောနေသည့် စကားဝိုင်းက တဖြည်းဖြည်းအရှိန်လျော့သွားတော့သည်။

လက်ထပ်ပွဲအထမြောက်ရန်အတွက် ဆောင်ရွက်မည့်သူများက ဝတ်ံရုံဖြူကြီးများဝတ်ထားပြီး စင်မြင်ထက်တွင်မတ်တတ်ရပ်နေကြသည်။ မင်္ဂလာ တေးသီချင်းသံဖွင့်လိုက်သည့်အခါ Shen Wei ၏ဖခင်က သတို့သမီးလက်ကိုတွဲ၍ လူသွားစင်္ကြန်အလယ်မှ ဖြည်းဖြည်းချင်း လျှောက်လာသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now