အခန်း (၁၁၄)

474 64 2
                                    

Unicode - ရှာဖွေခြင်း

Cheng Xi ၏ အကြံပြုချက်ကို Shen Wei သေချာပေါက်နားလည်သော်လည်း သူမတွင် အခြေအနေမှန်ကို လက်ခံလိုသည့် စိတ်ဆန္ဒမရှိခြင်းသာ ဖြစ်သည်။ သူမ ပင်ပန်းနွမ်းလျစွာဖြင့် Cheng Xi ကိုကျောမှီရင်း ရေရွတ်ပြောလာသည်မှာ " နင်ပြောတော့ စကားနည်းနည်းပဲ ပြောမှာဆို၊ အခုကျတော့ အားလုံးကို ပြောချပစ်လိုက်တာပဲ။" ထို့နောက် မျက်လုံးမှိတ်လျက်သားဖြင့် "အင်းပါ၊ ငါနားလည်ပါတယ်။ သူတို့နှစ်ယောက်ကြောင့် ငါ့ကိုယ်ငါ ပြိုလဲသွားအောင် မလုပ်ပါဘူး။" သူမ ဝမ်းဗိုက်နေရာနားကို လက်ဖြင့်သပ်ရင်း ထိုသို့ပြောလိုက်ခြင်း ဖြစ်သည်။

ထိုကလေးသည် အချိန်ကောင်း၊ အခါကောင်း၌ ရောက်လာခြင်းမဟုတ်သည့်တိုင်အောင် Shen Wei က သူမကလေးကို ဂရုတစိုက်ရှိကြောင်း ထိုအပြုအမူ တစ်ခုတည်းနှင့်ပင် Cheng Xi သိမြင်နိုင်သည်။ Shen Wei ၌ စွဲလမ်းတွယ်တာစရာ တစ်စုံတစ်ခုရှိနေလျှင်ပင် လုံလောက်ပြီဖြစ်ကာ ထိုအရာသည် သူမအား - အလွန်အမင်း တစ်ဖက်စွန်းရောက်သည့် အပြုအမူမျိုး မလုပ်မိစေရန် အကာအကွယ်ပေးထားနိုင်စွမ်းတို့ ရှိနေသည်။

Shen Wei အမှန်ပင် ပင်ပန်းနေခြင်းဖြစ်ပြီး Cheng Xi ၏လေသံကလည်း နူးညံ့ညင်သာလှသဖြင့် စိတ်ကိုငြိမ်းအေးချမ်းသာသွားစေကာ Shen Wei ကိုယ်တိုင် မသိလိုက်ခင်မှာပင် Cheng Xi ပခုံးပေါ်၌ မှီလျက်သားဖြင့်ပင် အိပ်ပျော်သွားလေသည်။

Cheng Xi သူ့အား ခုတင်ပေါ်သို့ အသာအယာလှဲချစေလိုက်ပြီး အေးချမ်းစွာအေးပျော်နေသည့် သူ့အား အချိန်ခဏခန့်ကြည့်ပြီးသည့်အခါ အောက်ထပ်သို့ ပြန်ဆင်းသွားလိုက်သည်။

Shen Wei ၏မိဘများသည် Lu Chenzhou နှင့် တစ်ကြိမ်တစ်ခါမှ ပြောဆိုဆက်ဆံခဲ့ကြည့်ဖူးခြင်း မရှိသဖြင့် ထိုနေရာ၌မူ အခြေအနေက အဆင်မချောနိုင်ဘဲ ရှိနေသည်။ ထိုသို့ ကသိကအောင့်ဖြစ်နေသည့် လေထုပတ်ဝန်းကျင်သည် Lu Chenzhou ၏ ဂွတီးဂွကျနိုင်လှသည့် တမူထူးခြားလှသည့် အပြုအမူတို့ကြောင့် ပို၍ဆိုးရွားသွားရပြီး အဆုံးသတ်ရလဒ်အဖြစ် သုံးယောက်သား စကားစမြည်ပြောရန် အစပျိုးလိုက်တိုင်း မြန်ဆန်စွာပင် အရှိန်သေသွားလေသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now