အခန်း (၁၂၃ - က)

255 32 2
                                    

Unicode - ဉာဏ်နီဉာဏ်နက်များသည့် Mr. Lu

Baldy ၏ကြမ်းတမ်းညင်သာခြင်းကင်းသည့် စကားကိုကြားသည့်အခါ ထိုလူသုံးယောက်တွင် Lu Chenzhou တစ်ယောက်သာ တည်တည်ငြိမ်ငြိမ်နှင့် ဟန်မပျက်ရှိနေလေသည်။ Cheng Xi ခံတွင်းမှ ရေများဖိတ်ကျစင်ထွက်လာသည်ကို တွေ့ချိန်၌ပင် သူ့ဘက်မှ တုံ့ပြန်မှုမပြုလာပေ။

သူ၏မျက်ဝန်းအကြည့်များတွင် အထင်မြင်သေးနေခြင်းတို့မရှိဘဲ ကူကယ်ရာမဲ့နေပြီး ဘဝင်မကျဖြစ်သွားဟန်သာ ရှိနေသည်၊ မိမိ၏ကလေးငယ်သည် မည်မျှဉာဏ်နည်းတုံးအပါသနည်းဟူ၍ မချိတင်ကဲဖြစ်နေသည့် မိဘတစ်ယောက်ကဲ့သို့ သူ့စိတ်ထဲတွင် တွေးနေမိခြင်းဖြစ်သည်။

ထို့နောက်တွင် Lu Chenzhou သည် စားပွဲထိုးတစ်ယောက်ကို လှမ်းအချက်ပြကာ အစားအသောက်ဟင်းပွဲများ မှာလိုက်သည်။ ထိုသို့ သူဟင်းမှာနေချိန်တွင် အခြားသူများကို တစ်ခွန်းမှမေးမြန်းခြင်းမရှိသဖြင့် မိမိစားလိုသည့်အရာကို ကိုယ်တိုင်ဝင်ပြောမှသာ ရတော့မည့်ပုံပေါ်နေသည်။ လူလေးယောက်အတွက် ဟင်းပွဲရှစ်မျိုးမှာထားသဖြင့် အနည်းဆုံး မိမိ၏အကြိုက်နှင့် ကိုက်ညီမည့် အစားအသောက်တစ်မျိုးတော့ သေချာပေါက်ပါဝင်မည်ဖြစ်သည်။

မှာပြီးသည့်အခါ Lu Chenzhou သည် အခြားသူများကို ကြည့်လာသည်။ ပထမ ကြမ်းပြင်ပေါ်တွင် လူးလိမ့်ရင်း ဗိုက်နှိပ်ရယ်နေသည့် Tian Rou ဆီသို့အကြည့်ရောက်သွားကာ ပြစ်တင်စကားဆိုလိုက်သည်၊ "ပေါလွန်းတယ်။" ထို့နောက်တွင် Cheng Xi အလှည့်ရောက်သွားကာ၊ "မင်းလဲ အတူတူပဲ။"

Baldy ကိုမူ...... သူ၏ ရူးကြောင်ကြောင် အမူအကျင့်များနှင့် နေသားတကျရှိနေပြီဖြစ်၍ သူ့လုပ်ရပ်တို့ကို ဝေဖန်မှုပြုရန် လေကုန်ခံပြောမနေတော့။

Tian Rou သည် သူမတစ်ဦးတည်း ကွက်အပြောခံလိုက်ရသည်ကို မကျေမနပ်ဖြစ်သွားသည်။ ချက်ချင်းပင် အရယ်ရပ်သွားပြီး ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထကာ ဗိုက်နှိပ်လျက်သားဖြင့်ပင် ပြန်ရန်တွေ့လိုက်သည်။ "ရှင်က ဘာလို့ ကျွန်မတို့ကို ဒီလိုပြောတာလဲ။" ထို့နောက် Baldy ရှိရာသို့ လက်ညိုးထိုးကာ "သူက ရှင့်ကို တိရစ္ဆာန်နဲ့တောင် နှိုင်းတာလေ၊ ဘာလို့ သူ့ကျတော့ မပြောတာလဲ။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now