အခန်း (၆၆)

674 101 0
                                    

Unicode - Cheng Xi ၊ နင်သေချင်နေပြီလား။

(‼️ ဤအခန်း၌ အသက်မပြည့်သူများ ဖတ်ရှုရန်မသင့်သည့် စာသားများ ပါဝင်သည်။)

Cheng Xi ခေါင်းမွှေးများထောင်လာသည်ဟုပင် ခံစားနေမိသည်။ သူမ Lu Chenzhou ကိုကြည့်၍ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ သူ့ကိုထိုးရန်ပြင်ရင်း အေးဆေးတည်ငြိမ်ဟန်ဖြင့် မေးလာသည်။ "အရင်တုန်းကရော ရှင့်မှာ ဒီလိုစိတ်ဆန္ဒတွေ ရှိခဲ့ဖူးလား။"

"ဘာကိုလဲ။"

"လိင်မှုဆန္ဒ။"

Lu Chenzhou ခေါင်းခါလာသည်။ "မရှိဘူး။"

"တစ်ခါမှမရှိတာလား။ ဒါမှမဟုတ် ရှိပေမဲ့ အခုလိုမျိုး ထိန်းချုပ်မရနိုင်လောက်တဲ့အထိ မဖြစ်ဖူးတာလား။ အဲ့ဒီလိုမှမဟုတ်ရင် လိင်မဆက်ဆံဖြစ်တာ သိပ်ကြာသွားလို့ ဒီစိတ်ဆန္ဒတွေက မထိန်းနိုင်တဲ့အထိ ဖြစ်လာတာမျိုးလား။ ရှင့်မှာ လိင်ဆက်ဆံဖူးတဲ့ အတွေ့အကြုံတော့ ရှိတယ်မဟုတ်လား။"

သူမကိုယ်သူမ ဆရာဝန်တစ်ယောက်၏ ရှုထောင့်အမြင်အဖြစ်သို့ ချက်ချင်းပြောင်းကာ Lu Chenzhou ၏တုံ့ပြန်မှုကို လက်တွေ့ကျကျနှင့် ပရိုပီသစွာဖြင့် ကိုင်တွယ်ဖြေရှင်းလိုက်သည်။ စစချင်း၌မူ သူ့အတွက် ပို၍ အကောင်းဆုံးဖြစ်မည့် နည်းလမ်းတစ်ခု ရှာတွေ့သည်အထိ အချိန်ဆွဲရန် စဉ်းစားထားခဲ့သည်။ သို့သော် သူမ အသေအချာ ရွေးချယ်ထားသည့် မေးခွန်းများကို Lu Chenzhou က သူမ တွေးထားသည်နှင့် ကွဲလွဲစွာ ပြန်ဖြေလာသည်။ မျက်ခုံးပင့်၍ သူ မေးလိုက်သည်က "အဲ့ဒါက ငါမင်းနဲ့ လိင်ဆက်ဆံချင်တဲ့ကိစ္စနဲ့ ဘာဆိုင်လဲ။"

သူက ထိုသို့ပြောရင်းနှင့် Cheng Xi ကို အားဖြင့်လှမ်းဆွဲလိုက်သည်။ ထို့ကြောင့် Lu Chenzhou အနားသို့ မရောက်သွားစေရေးအတွက် ဆိုဖာအစွန်းကို သူမ ရှိသမျှအားကုန်သုံး၍ ဆွဲထားရတော့သည်။

ယခုအချိန်၌မူ Lu Chenzhou နှင့် Baldy တို့မှာ အမှန်ပင် သူငယ်ချင်းများဖြစ်ထိုက်သည်ဟု Cheng Xi ခံစားမိလာသည်။ နှစ်ယောက်စလုံးက စကားပြောရာတွင် တဲ့တိုးကျပြီး နားကြားပြင်းကတ်စရာကောင်းသည်တို့ကိုသာ ပြောတတ်သည့် အကျင့်စရိုက်တို့ရှိသည်။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now