အခန်း (၈၃)

554 88 2
                                    

Unicode - ငါမင်းကိုနမ်းသင့်လား။

Cheng Xi ဒေါသထွက်သွားသော်လည်း Lu Chenzhou က သူမ၏ပုံပန်းသွင်ပြင်ကို မှတ်ချက်ပြုလိုက်သည့်အခါ ကိုယ့်ကိုယ်ကိုယ် အလိုလို ပြန်ငုံ့ကြည့်မိသွားသည်။

သူမအသွင်က ထိုမျှလောက် ပုံဆိုးပန်းဆိုးဖြစ်မနေပါ။ အလုပ်မှပြန်ရောက်သည်နှင့် ခါတိုင်းဝတ်နေကျ အိမ်နေအဝတ်အစား လဲထားလိုက်ခြင်းဖြစ်သည်။ အတန်ငယ်ဟောင်းနေသော်လည်း စုတ်ပြဲနေခြင်းမျိုးတော့ မရှိပေ။

သူမ Lu Chenzhou ကိုပြန်ကြည့်လိုက်သည်။ ယခုအကြိမ်၌မူ ရန်လိုနေခြင်းတို့မရှိတော့ဘဲ သူမ လေသံက အနည်းငယ်ပျော့သွားသည်။ "ရှင်ဘာလို့ ဆေးရုံကထွက်လာတာလဲ။ အပြင်မှာ လျှောက်သွားနေကြတဲ့လူတွေက ဒီလောက်များနေတာ။ ဒါက ရှင့်ကိုယ်ခန္ဓာအတွက် မကောင်းဘူးလေ။"

Lu Chenzhou က သူမကို နေရာတကာ ဝင်ပြောတတ်လေ့ရှိသည့် မိခင်တစ်ယောက်အဖြစ် သတ်မှတ်ကာ စကားတစ်ခွန်းတည်းဖြင့် ပြန်ဖြေလာသည်က "စကားများတယ်။" Cheng Xi တစ်ယောက် မျက်နှာလေးရှုံ့မဲ့သွားပြီး အလျှော့ပေးလိုက်ရကာ သူ့အခြေအနေကိုမေးရန်အတွက် ဂျူတီကျဆရာဝန်ဆီသို့သာ ဖုန်းလှမ်းဆက်လိုက်တော့သည်။

ထိုဆရာဝန်က ရှင်းပြလာသည်မှာ "Oh... မင်းသူနဲ့တွေ့လိုက်တာလား။ သူက သူ့ချစ်သူကိုတွေ့ဖို့ နှစ်နာရီခွင့်တောင်းသွားတယ်လေ။ အပြင်ထွက်ဖို့ မရမကလုပ်နေတာနဲ့ ငါလည်း သူ့ကို အဝတ်အစား သေချာဝတ်ခိုင်းပြီး လွှတ်ပေးလိုက်တာ။ အင်း... သူ့အဘွား ပြောလိုက်တဲ့စကားကြောင့်လည်း ပါတာပေါ့လေ၊ အသက်က သုံးဆယ်ကျော်နေတာတောင် ချစ်သူတစ်ယောက်ရအောင် မလုပ်နိုင်သေးဘူးတဲ့။ အဲ့ဒါကြောင့် အခု သူသဘောကျတဲ့လူရှိလာပြီဆိုတော့ ပိုးပန်းတဲ့ကိစ္စမျိုးကို တားဆီးတာက မကောင်းဘူးဆိုပြီး ပြောတာလေ။"

"ချစ်သူ" ဟူသည့် စကားလုံးကို Cheng Xi ကြားသည့်အခါ သူမမျက်နှာလေးက ရဲတွက်လာသည်၊ သို့သော်လည်း စိတ်ငြိမ်အောင်ကြိုးစားထိန်းရင်း တစ်ဖက်မှ စကားဆုံးအောင်ပြောပြီးသည်အထိ နားထောင်ပြီးသည့်အခါ သူမမျက်နှာတစ်ခုလုံး အမှန်ပင်ထူပူသွားတော့သည်။ "အဲ့ဒီမှာ သူ့မိသားစုတွေရော ရှိနေတာလား။" 

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now