အခန်း (၂၁)

1.1K 165 11
                                    

Unicode - ငါက မင်းထက် ငွေပိုရှိတယ်။

ရုတ်တရက်ဆိုသလို Cheng Xi ၏ဖုန်းမြည်လာသည်။ သို့သော် ထိုဖုန်းသံက သူမတို့နှစ်ယောက်ကြား၏အခြေအနေကို ပိုမိုတင်းမာသွားစေသည်။

Cheng Xi လည်း ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်ကာ ရှောင်ထွက်ပုန်းရှောင်သွားလိုခြင်း အလျဉ်းမရှိသည့် မျက်ဝန်းများဖြင့် သူ၏ မျက်နှာတည့်တည့်ကြည့်လိုက်သည်။ တစ်စပ်တည်းမှာပင် Lu Chenzhou ကိုယ်မှ ထွက်လာသည့် အေးစက်ကြောချမ်းဖွယ်ရာ အငွေ့အသက်ကို သူမ ကြိုးစားလျစ်လျူရှုရင်း "ရှင့်အနေနဲ့ ဆရာဝန်တွေအပေါ်မှာ အထူးတလည်မယုံမကြည် ဖြစ်နေတာမျိုးရှိလား။"

"မယုံသင်္ကာတာမျိုး ဟုတ်လား။ 'ငါက နေမကောင်းဖြစ်နေတယ်' ဆိုတဲ့အချက်ကို တရားသဖြင့်ငြင်းဆန်တာက မယုံမကြည် ဖြစ်တာမျိုးလို့သတ်မှတ်လို့ရလား။"

ပြန်ဖြေလာသည့် Lu Chenzhou ၏ စကားသံတို့တွင် မထီလေးစားဟန်နှင့်အတူ ဒေါသအရိပ်အယောင်တို့ ရောပါနေသည်။ "လူတွေနဲ့ ရောရောနှောနှော မနေတတ်တာကသာ ရောဂါတစ်ခုဆိုရင် ကမ္ဘာပေါ်က လူတွေဘယ်လောက်များများမှာ ဒီကုလို့မရတဲ့ရောဂါ ရှိနေကြပြီလဲ။"

သူ့ပုံစံက မိမိ၏အခြေအနေအမှန်ကို ရှင်းရှင်းလင်းလင်း သတိပြုမိကြောင်းနှင့် သူ၏ဖြစ်တည်မှုအပေါ်တွင် မထင်မှတ်ထားလောက်အောင်ကို ယုတ္တိဗေဒကျကျ စဉ်းစားအဖြေရှာထားနှင့်ပြီးသား ဖြစ်သည်။ ထို့ကြောင့် Cheng Xi ပင်လျှင် Lu Chenzhou နှင့်ပတ်သက်၍ သူမ၏ ရောဂါအဖြေထုတ်ချက်ကို သံသယဝင်လာရတော့သည်။

သို့တိုင်အောင် Cheng Xi သူနှင့် ဆက်ငြင်းရန် ဆန္ဒမရှိ။ စိတ်ရောဂါကုဆရာဝန် တစ်ယောက်အနေဖြင့် လူနာ၏
ရင်တွင်းခံစားချက်ကို နားထောင်ပေးနိုင်စွမ်းရှိခြင်းက မရှိမဖြစ်လိုအပ်သည့် ကျွမ်းကျင်မှုတစ်ခုပင် ဖြစ်သည်။

သူမဘက်မှ စကားပြောလာချိန်တိုင်းတွင် အသံချိုချိုနှင့် ခင်မင်ရင်းနှီးလွယ်သူအဖြစ် ခံစားနိုင်မည့်လေသံမျိုးပေါ်အောင် တမင်ကြိုးစားပြောလေ့ရှိသည်။ ထို့ကြောင့် ယခုအချိန်၌ Lu Chenzhou အား ပြန်ပြောလိုက်သည့် သူမ၏လေသံတို့မှာ နွေဦး၏လေညင်းကဲ့သို့ပင် ရင်ကိုအေးမြသွားစေကာ နားဝင်ချိုလှသည်။ "ရှင့်ကို သူတို့က အဲ့ဒီလိုဆက်ဆံလာတာကို မနှစ်မြို့ဘူးပေါ့။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now