အခန်း (၁၁၆)

918 61 1
                                    

Unicode - မည်မျှရှက်စရာကောင်းပါသနည်း။

ထို့နောက်တွင် Cheng Xi သည် တုံ့ဆိုင်းတွေဝေနေမှုတို့ မရှိဘဲ Lu Chenzhou အနားသို့သွားကာ သူ၏သွေးခုန်နှုန်းကို စမ်းကြည့်လိုက်သည်။

တော်သေးသည်က သူမတို့အကြင်နာပေးဖြစ်သည်မှာ အချိန်အနည်းငယ်အကြာကပင် ဖြစ်သည့်တိုင်အောင် Lu Chenzhou ၏ နှလုံးခုန်နှုန်းမှာ သိသိသာသာမြန်ဆန်နေပြီး သူ့ကိုယ်အပူချိန်ကလည်း ခါတိုင်းကဲ့သို့ အေးစက်စက်ကြီး ဖြစ်မနေတော့ပေ။

ဟုတ်သည်၊ Lu Chenzhou စောစောက စိတ်ခံစားမှုကို ပီပီသသကြီးပင် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

သူမဘာလုပ်နေကြောင်းကို Lu Chenzhou အလွယ်တကူ နားလည်နေသည်ဖြစ်၍ လခြမ်းသဏ္ဍာန်ကွေးညွှတ်နေသည့် မျက်ဝန်းများနှင့်အတူ သူမကို ပြုံးကြည့်လာသည်။ "တော်တော်တုံးတာပဲ။" ဟူ၍ ခပ်နှိမ်နှိမ်လေသံဖြင့်ပြောကာ သူ၏လက်တံရှည်ကြီးများဖြင့် သူမကို ကုတင်ပေါ်သို့ပြန်ဆွဲခေါ်သွားပြီး သူ့ကိုယ်ကြီးနှင့် အပေါ်မှ အုပ်မိုးထားလိုက်ပါတော့သည်။ "မင်းက ငါပြောသမျှကို တကယ်ကြီးယုံလိုက်တာပဲလား။ ခေါင်းစဉ်တစ်ခုနဲ့တင် ဂေါက်ကြောင်ကြောင်နိုင်နေတဲ့ ဒီလို အပေါစားစာအုပ်တွေ ငါဖတ်လိမ့်မယ်လို့ မင်း တကယ်ထင်နေတာလား။"

"သိပ်မှန်တာပေါ့။ ဒါပေမဲ့ စောစောကရှင့်ရဲ့ အပြုအမူတွေကသာ ကျွမ်းကျင်မှုနဲ့ နည်းစနစ်တွေကတစ်ဆင့် ဖြစ်တည်လာတာဆိုရင် ကျွန်မက အရမ်းလွယ်လွန်းတဲ့ ပစ်မှတ်တစ်ခု ဖြစ်မသွားဘူးလား။"

အမှန်၌မူ 'ကျွမ်းကျင်မှုနဲ့ နည်းစနစ်တွေကတစ်ဆင့် ပေါက်ဖွားလာတာဆိုရင်' ဟူသည့်စကားအစား 'ရှင်ရေးထားတဲ့ ဇာတ်ညွှန်းအတိုင်း လိုက်လုပ်နေတာဆိုရင်' ဟု သူမပြောလိုခြင်းဖြစ်သည်—ဤလူ၏ဦးနှောက်မှာ ဂဏန်းပေါင်းစက်အတိုင်း (ပရိုပရမ်ရေးဆွဲထားသည့် စက်ကဲ့သို့ လုပ်ဆောင်နေခြင်း)ပင် ဖြစ်သည်။ ရည်မှန်းချက်တစ်ခုကို သတ်မှတ်ရွေးချယ်မှုပြုပြီးနောက်တွင် ထိုအရာကို ပြီးမြောက်အောင်မြင်နိုင်ရန် စိတ်ခံစားချက်နှင့် ကျင့်ဝတ်စည်းမျဉ်းများကို ဘေးချိတ်ကာ စိတ်ရောကိုယ်ပါနှစ်၍ ကြိုးစားမှုပြုမည် ဖြစ်သည်။ သူမအား ပိုးပန်းမှုပြုပါဟူ၍ သူ့အား Cheng Xi ရေလာမြောင်းပေး လုပ်ပြီးနောက်တွင် အလားတူစွာပင် သူ့ဘက်မှလည်း စိတ်ဝင်စားကြောင်းပြလာကာ ထိုအတိုင်းလုပ်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိတိုင်အောင် သူ့ဘက်မှ ချပြထုတ်သုံးခဲ့သည့် လှည့်ကွက်ပရိယာယ်မျိုးစုံမှာ သူ၏အဆုံးသတ်ပန်းတိုင်သို့ ရောက်နိုင်ရန် လုပ်ခဲ့ခြင်းများသာဖြစ်ပြီး အခြားရည်ရွယ်ချက်တို့ရှိမနေပေ။

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Όπου ζουν οι ιστορίες. Ανακάλυψε τώρα