အခန်း (၉၈)

533 82 0
                                    

Unicode - နတ်သမီးတမျှ ချောမောလှပနေခြင်း!

ဘုရားရေ၊ အထူးပင် တည်ငြိမ်အေးဆေးလွန်းနေသည့် Lu Chenzhou ၏လေသံကြောင့် ထိုစကားတို့က ရိုင်းစိုင်းရက်စက်နေပုံ ပေါ်သွားသည်။

Lu ဘွားဘွားလည်း အလွန်ထိတ်လန့်သွားရကာ အချိန်ခဏခန့်ပင် အသက်ရှုရကြပ်သွားလေသည်။ သို့သော် Lu Chenzhou အနားတွင်ထိုင်နေသည့် Cheng Xi ကမူ အံ့ဩသွားပုံပင် မပြ။ ထို့အစား သူမက စိတ်ဝင်တစားဖြစ်နေသံဖြင့် မေးလာသည်က "ဘယ်လိုမျိုးလုပ်မှာလဲ။"

Lu Chenzhou က Cheng Xi ကိုကြည့်လာသည်၊ ထို့နောက် ရင်ဘတ်ပေါ် လက်ဖိတင်ထားသည့် သူတို့အနောက်မှ အဘွားဖြစ်သူကို တစ်ချက်လှမ်းကြည့်၍ ပြောလာသည်က "မင်းပြောတဲ့အတိုင်း လုပ်မယ်။"

ဤနေရာ၌ Lu ဘွားဘွား ရှိနေသည့်အတွက်ကြောင့်သာ ထိုစကားကို ရည်ရွယ်ချက်ရှိရှိ ပြောလာခြင်းဖြစ်သည်။ Cheng Xi သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်ပြီး သူ၏သတိထားကပ်ထားပုံမှာ အနည်းငယ်လွန်လွန်းသည်ဟု တွေးမိသွား၍ စနောက်သည့်သဘောဖြင့် ပြောလိုက်သည်က "ရှင်ကျွန်မပြောတိုင်းသာ လုပ်လိုက်ရင် သေချာပေါက်ရှုံးမှာပဲ—ကျွန်မက ဉာဏ်မှသပ်မကောင်းတာ။"

Lu Chenzhou ၏နှုတ်ခမ်းတို့ အနည်းငယ်ကွေးတက်သွားပြီး "မင်းက ကိုယ့်ကိုယ်တော့ တော်တော်လေး နားလည်သားပဲ။"

ထိုသို့ အထင်မြင်သေးဟန်ဖြင့် ပြောလာသည့် "ချီးကျူးမှု" ကို လက်ခံရလိုက်သည့်တိုင် Cheng Xi စိတ်မဆိုးပေ။ "ဒါလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။"

Lu Chenzhou က သူမကို မကျေနပ်သည့် မျက်ဝန်းတို့ဖြင့် ကြည့်လာသည့်အခါ Cheng Xi က တုံ့ပြန်မှုအဖြစ် ပြန်ပြုံးပြလိုက်လေသည်။ ထိုသို့ နှစ်ယောက်သား အပြန်အလှန် ပြောနေကြသည်ကို Lu ဘွားဘွားတွေ့သည့်အခါ အနည်းငယ် ခေါင်းနောက်ချင်လာပြန်သည်။ ထို့ကြောင့် သက်ပြင်းလေးချကာ ခင်ပွန်းသည်ကိုသွားခေါ်ရန် အပြင်ထွက်သွားတော့သည်။

Cheng Xi က Lu Chenzhou ဆေးရုံဆင်းမည့်ကိစ္စကိုပြောကာ စကားလမ်းကြောင်း လွှဲလိုက်ပြီဖြစ်သည်။ "ဆရာဝန်က မနက်ဖြန်ဆို ရပြီလို့ပြောတယ်ဆို။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now