အခန်း (၈၇)

550 81 0
                                    

Unicode - မင်းရဲ့ဖြစ်တည်မှုအတိုင်း ငါသဘောကျတယ်

Cheng Xi အလျင်အမြန် တံခါးတွန်းဖွင့်ဝင်လိုက်သည်။ Baldy က Lu Chenzhou နှင့် အတန်ငယ်အလှမ်းဝေးသည့်နေရာတွင် ရှိနေပြီး mask တပ်ထားခြင်းကြောင့် ကံကောင်းသွားသည်ဟုဆိုရမည်။

ကြည့်ရသည်မှာ Baldy သည် ခါတိုင်းကဲ့သို့ပင် အခြားသူများအပေါ်၌ အပြစ်ပုံချရသည်ကို အတော်လေးကျွမ်းကျွမ်းကျင်ကျင် ရှိပုံပေါ်သည်။ သူချောင်းဆိုး မပြီးသေးခင်မှာပင် Cheng Xi အား စတင်ဝေဖန်မှု ပြုလိုက်ပြီဖြစ်သည်။ "မင်း ငါတို့စကားပြောနေတာကို ခိုးနားထောင်နေတာလား။"

ခပ်ချေချေအကြည့်တို့ဖြင့် Cheng Xiလသူ့ကို မောင်းထုတ်လိုက်ရန် အမှန်ပင် ဆန္ဒရှိနေသော်လည်း သူနှင့် ရန်တွေ့ပါက အနိုင်မရနိုင်ကြောင်းကို သူမ ချိန်တွက်ကြည့်ပြီးသည့်အခါ သူ့ကို ပြင်းထန်သည့် သတိပေးစကားတစ်ခွန်းသာ ပြောလိုက်လေသည်။ "လူနာက အနားယူဖို့လိုနေလို့ ဒီအခြေအနေမှာ ရှင့်အနေနဲ့ သူ့ရှေ့မှာ နှာချေချောင်းဆိုးတာတွေမလုပ်ဖို့ ကျွန်မ အထူးအကြုံပြုပါတယ်။"

Baldy ပြန်ပြောလိုက်ချင်သော်လည်း Lu Chenzhou က သူ့ကို  ခပ်စူးစူးလှမ်းကြည့်ကာ သတိပေးလာသည်။  ထို့ကြောင့် အောင့်သက်သက်ဖြင့် ပြောလိုသည့် စကားလုံးတို့ကို ထိန်းချုပ်ကာ ဘာမှပြန်ပြောရန် စိတ်ကူးမရှိဟန်ဖြင့် ဟန်ဆောင်နေလိုက်ရလေသည်။ ချောင်းဆိုးရပ်သွားသည့်အခါ သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်အောင် ဖန်တီးလုပ်ယူ၍ Cheng Xi ကိုပြောလိုက်သည်က "ဒေါက်တာ Cheng ၊ အခုမင်းပြောနေတဲ့ပုံက လုံးဝသူစိမ်းတစ်ယောက်နဲ့ တူနေတယ်။ တကယ်တမ်းပြောရရင် ဘောစ့် Lu ကို 'ညအိပ်ကြေး' ပေးခဲ့ဖူးတဲ့ အရင်က 'မင်း' ကို ငါ တကယ်သတိရတယ်။"

Baldy ၏ အရှက်မရှိ မျက်နှာပြောင်မှုကြောင့် သူမ အံ့အားသင့်သွားရသည်။

Cheng Xi ၏ ဦးရေပြားတစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်လာကာ မျက်နှာထားတင်းတင်းဖြင့် အနည်းငယ်ခွာရပ်လိုက်သည်။ "Mr. Gao ၊ ရှင် အခုနတုန်းက ချောင်းဆိုးလိုက်တဲ့အချိန်မှာ ဂရုတစိုက်ထားပြီး လူနာနဲ့ ဝေးအောင် ခွာရပ်ခဲ့တာဆိုတော့ ရှင်လုပ်တာ တော်တော်လေးကောင်းပါတယ်။"

 မင်းနဲ့တွေ့ဆုံခွင့် မင်းနဲ့တွေ့ဆုံခွင့်  Where stories live. Discover now