စာစဉ် ၄၈ (၁၅-၂၅)

5.8K 743 62
                                    

Book.              :  48
Chapter.          :  15 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၈၊ အခန်း ၁၅ ။ ကျွန်တော်က ယောကျာ်းတွေကို ကြိုက်မယ်လို့ များ ထင်လား

အင်ပါရီယာ မြို့တော်က တစ်ခုသော စံအိမ်တော်တွင် ။

ဟန်ရှန်းယွီသည် သူ၏ ခန့် ညားတောက်ပြောင်လှသည့် အကောင်းစား ဂျက်ကတ်ကို ချွတ်ပစ်လိုက်ပြီး ၀ိုင်စင်ရှိရာဆီ လျှောက်သွားနေသည် ။ ၀ိုင်နီတစ်ပုလင်းကို ဖွင့်ဖောက်လိုက်ပြီး ဖန်ခွက်ထဲ လောင်းထည့်လိုက်ကာ ၀ရံတာဘက် လျှောက်လာသည် ။

သူ့ အနောက်တွင် ရှိနေသည့် ဖေးယန်သည်မူ ဒီတစ်ညလုံး
ဟန်ရှန်းယွီ အရက်သောက်နေခြင်းကြောင့် အံ့သြဘနန်း ဖြစ်နေ၏ ။

ဟန်ရှန်းယွီသည် အလွန်တရာပင် စည်းကမ်းသေ၀ပ်ပြီး ကျန်းမာရေး မာချာသူ ဖြစ်၏ ။ သူသည် မိတ်ဆုံစားပွဲများ၊
သို့ မဟုတ် အပေါင်းအသင်းများကို လိုက်ဧည့်ခံရသည့် ပွဲများကဲ့သို့  မတက်မဖြစ်သည့် နေ့ များမှတစ်ပါး
သူ့ စိတ်နှင့်သူ သောက်ဖို့ ဆိုသည်မှာ ခပ်ရှားရှားပင် ။

သို့ သော်လည်း သိပ်တော့လည်း မထူးဆန်းပါချေ ။
သူတို့  အေဂျင်စီ၏ အောင်ပွဲခံနေ့ တစ်နေ့  ဖြစ်သောကြောင့်
သူ အတော်လေး စိတ်ကြည်လင်နေသဖြင့်
တစ်ခွက်နှစ်ခွက်လောက် သောက်ခြင်းလည်း ဖြစ်နိုင်ပေသည် ။

ဖေးယန်သည် အသေးစိတ်ကိုတော့ လိုက်သတိမပြုမိချေ ။ သို့ နှင့်သာ ဟန်ရှန်းယွီအနောက်က လိုက်ပါလာရင်း အတင်းစတုပ်တော့သည် ။

“အင်း…ဒီနေ့ သတင်းကတော့ အရမ်းကြောက်ဖို့ ကောင်းတယ်နော်၊ ဟုတ်တယ်မလား ။ ရီပိုင်က တကယ်ကြီး ရီမူဖန် ရဲ့ ညီမလေး ရီဂွမ်ဂွမ် ဖြစ်နေတယ်တဲ့”

“၀မ်ဝမ် ပါ ။ ‘ဘုရင်မင်းမြတ်ရဲ့ နှလုံးသားကို ရစ်ပတ်နှောင်ဖွဲ့ ယူနိုင်စွမ်း ရှိတဲ့ ဆံနွယ်ရှည်လေး’ ကနေ လာတဲ့ ‘၀မ်’”

ဟန်ရှန်းယွီသည် ၀ရံတာရှေ့တွင် ရပ်နေရင်း ပိန်းပိတ်အောင် မှောင်နေသည့် ညအချိန်ကို ငေးမျှော်နေရာမှ ဖေးယန်၏စကားကို ဖြတ်ပြောလာသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now