စာစဉ် ၄၃ (၁-၆)

6.1K 913 35
                                    

Book.              :  43
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၃၊ အခန်း ၁ ။ အံ့သြစရာကောင်းတဲ့သူငယ်ချင်း

“ဖွီး….”  ဖေးယန် ရေသောက်နေရင်း ရေသီးသွားလေပြီ ။
“မင်း ဘာပြောလိုက်တာလဲ”

လျိုချန်းသည်လည်း ရှော့ရစွာဖြင့် ဟန်ရှန်းယွီအား ကြည့်လာသည် ။

ရီဝမ်ဝမ်ကိုယ်တိုင်လဲ အံ့အားသင့်သွားခြင်းဖြစ်၏ ။

ထိုကဲ့သို့ သတင်းမျိုးမှာ ကုန်ရွှီ ဆိုလျှင် ခံသာပေသေးသည် မဟုတ်ပါလား ။

သို့ သော်…ဟန် ရှန်း ယွီ ဖြစ်နေလေရာ…

ဟန်ရှန်းယွီ ချစ်သူရနေပြီဆိုပါလား  ။

အနုပညာလောကထဲတွင် ရှုပ်ရှုပ်ယှက်ယှက် ဘာသတင်းမှမထွက်သည့် အသန့်ရှင်းဆုံးသူကို ထုတ်ပြပါဟု ဆိုပါလျှင် ထိုသူမှာ ဟန်ရှန်းယွီသာ ။

သူသည် သရုပ်ဆောင်အလုပ်ကို စလုပ်ပြီဆိုကတည်းက ရည်းစားတစ်ယောက်သာလျှင် ရှိခဲ့၏ ။ မရှုပ်မပွေခဲ့ ။ ထိုမိန်းကလေးသည် သူ့ ကို ပစ်သွားပြီး သူဌေးကြီးတစ်ဦးနောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့သဖြင့် သူတို့၏ရည်းစားဘ၀သည်လည်း ပြတ်သွားခဲ့၏ ။

သို့ တိုင်အောင် ဟန်ရှန်းယွီသည် ထိုမိန်းကလေးအကြောင်း သပုပ်လေလွင့် တစ်ခါလေးပင် မထုတ်ပြောခဲ့ဖူး ။
မကောင်းကြောင်း မပြောခဲ့ဖူး ။

ထိုသို့ သောသူသည် နောက်ပိုင်းတွင်…
မိန်းကလေးတစ်ယောက်၏မုဒိန်းကောင်ဟု ချောက်ချလာခြင်းကြောင့် နာမည်ပျက်ကာ အတိဒုက္ခရောက်ခဲ့ရ၏ ။

ထိုကတည်းက ဟန်ရှန်းယွီနှင့် ပတ်သက်သည့် အချစ်ရေးကိစ္စတို့ ကို မကြားရတော့သလို ဟန်ရှန်းယွီကိုယ်တိုင်ကလဲ သတင်းမထွက်အောင် ကင်းကင်းရှင်းရှင်း နေထိုင်ခဲ့သည်သာ ။

သို့ ဖြစ်လေရာ…ဘယ်မိန်းကလေးသရုပ်ဆောင်ကများ ဟန်ရှန်းယွီနှင့် သတင်းထွက်အောင် ကြံဆောင်နိုင်ခဲ့လေသနည်း ။
ထိုသို့ တွေးလိုက်မိခြင်းကြောင့် ရီဝမ်ဝမ် စိတ်ဝင်တစားဖြစ်လာပြီး ကုန်ရွှီ ပို့ ပေးထားသည့် သတင်းဆောင်းပါးအား အမြန်ဖွင့်ကြည့်လိုက်၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now