စာစဉ် ၄၇ (၁၁-၂၀)

5.6K 771 31
                                    

Book.              :  47
Chapter.          :  11 - 20
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၇၊ အခန်း ၁၁ ။ ဒီည တွေ့ ခွင့်ပေးမယ်

ကျန်းယန်ရန်က တွေးဆဆပြုလိုက်သည် ။

ငါ ၀မ်ဝမ့်နောက်ကို လိုက်ဖို့ ပြောထားတာက အထက်တန်းကျောင်းကတည်းကဆိုတော့…

ထို့ ကြောင့် သူမလေး ပြန်ဖြေလာသည် ။

“အထက်တန်းကျောင်းတုန်းက…”

ဘာ…သူက လျိုချန်းထက်တောင်မှ ပိုစောနေသေးတာပေါ့….

မိုးသားကင်စင်နေသည့်ကောင်းကင်ပြင်ကြီးအောက်တွင် လျှပ်စီးတွေ ၀ုန်းဝုန်းဒိုင်းဒိုင်း ပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည့် ကုန်ရွှီ ။
“သောက်ကျိုးနဲ…အထက်..အထက်တန်းကျောင်း ၊ ဟုတ်လား ။ မင်းက ၀ါငယ်တဲ့သူရော ဟုတ်ဦးမှာလား”

ထို့ နောက်တွင် သူသည် ရီဝမ်ဝမ်ဘက်သို့  လှည့်ကာ သူမအား သစ္စာမရှိသူကြီးသယောင်ယောင် ခါးသက်စွာဖြင့် ကြည့်လာလေပြီ ။

“အစ်ကို ရီ…အစ်ကို ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ”

ရီဝမ်ဝမ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလာတော့ပြီ ။

“တော်ပြီ၊ လျှောက်မွှေမနေနဲ့ တော့ ။ ယန်ရန်က ဟိုးအစောကတည်းက ငါ့နောက် လိုက်ခဲ့တာဆိုပေမယ့် သရုပ်ဆောင်လောကထဲ ၀င်တာက နောက်ကျတယ် ။
သူက ဂျူနီယာညီမလေးပဲ ရှိသေးတယ်၊ ဒီတော့
မင်းက စီနီယာအစ်ကိုကြီး ပီသအောင်နေ”

ကုန်ရွှီ၏နှလုံးသားလေး အမှုန့် ဖြစ်သွားလောက်အောင် ကြေမွသွားလေပြီဟု ခံစားလိုက်ရချေပြီ ။

အစ်ကို ရီ ဆီမှာ ချစ်သူအသစ် ရှိနေပြီ ။
အစ်ကို ရီ ငါ့ကို ဦးစားပေးတော့မှာ မဟုတ်ဘူး…

ဖေးယန်သည် ကုန်ရွှီကို ကြည့်နေရင်းမှ မျက်ခုံးတစ်ချက် ပင့်မိသွားကာ ဟန်ရှန်းယွီနား ကပ်လို့  တိုးတိုးလေးသွားပြောလေသည် ။

“ရှန်းယွီ…ပြောကြည့်…ဒီနေ့  ကုန်ရွှီရဲ့အပြုအမူတွေက ထူးဆန်းမနေဘူးလား ။ ဒီလောက်ချောတဲ့ ဂျူနီယာညီမလေး ထပ်ရောက်လာတာ သူ ပျော်နေရမှာ မဟုတ်ဘူးလား ။ ဘာကိစ္စ ရည်းစားလုဖက်ကြီးလို ရန်လိုနေရတာလဲ ။
ငါသာ မသိထားရင်
သူ နဲ့ ရီပိုင်ကြားမှာ အချစ်ဇာတ်လမ်းတွေ ဘာတွေ ရှိနေတယ်လို့  ထင်မိသွားမှာ”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now