စာစဉ် ၄၂ (၁၃-၁၈)

5.8K 999 38
                                    

Book.              :   42
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၂၊ အခန်း ၁၃ ။ အရမ်း အားနည်းလွန်းတယ်

“ဘယ်လို…ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ထိုကဲကျသွားသည့် ရာမာမိုတို ဆုဘဆာအား
လူတိုင်း ကြောင်ကြည့်နေမိကြလေပြီ ။
ပါးစပ်ကြီးတွေ ပွင့်အာလာကြသည့်တိုင်
သူတို့ မှာ စကားတစ်ခွန်းမှ ပြောထွက်လာခြင်း မရှိကြ ။

ထိုသည်မှာ အိပ်မက်မက်နေသည့်အလား ။ ၀ံပုလွေဘုရင်ကြီး ဆန်နီ အား တစ်ချက်ထဲနဲ့  အလဲထိုးပစ်ခဲ့သည့် ရာမာမိုတို ဆုဘဆာ မဟုတ်လော ။ အခုတော့ ထိုသူမှာ အားနွဲ့ လှသည့် ရီဝမ်ဝမ် နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည့်တိုင်အောင် ဟိုးအဝေးကို လွင့်ပျံသွားလေပြီ ။

“သူ တမင်သက်သက် အလျှော့ပေးထားတာများလား”

စုန့် မိသားစုမှ သိုင်းပညာရှင်တစ်ဦးမှာ မျက်မှောင်အကြုတ်ကြီး ကြုတ်နေလျက် ။ သူ့ ခမျာ ရီဝမ်ဝမ်သည် ထိုရာမာမိုတို ဆုဘဆာကို တစ်ချက်ထဲနဲ့  အလဲထိုးပစ်နိုင်ခြင်းကို မယုံကြည်နိုင်ဖြစ်နေလေသည် ။

“အလျှော့ပေးတယ်…မင်း လာနောက်နေတာလား ။
စီ ကိုယ်စားလှယ်က အခုနတုန်းက ခွန်အားလေးနဲနဲပဲ သုံးသွားတာ…ဒါပေမယ့် အဲ့ဒီနဲနဲလေးက အရင်က ငါတို့တွေ မြင်ဖူးတာထက်တောင်မှ ကြမ်းသေးတယ်ကွ ။ ရာမာမိုတို ဆုဘဆာမှာ ပြန်တိုက်ဖို့  အချိန်ကို မရလိုက်တဲ့ဟာ… ဘယ်လိုလုပ်ပြီး အရှုံးပေးတာ ဖြစ်နိုင်ပ့ါမလဲ”
သိုင်းပညာရှင်တစ်ယောက်က ဝေဖန်သုံးသပ်လာသည် ။

သိုင်းပညာအခြေတည်ပြီးသား မည်သူမဆို သိုင်းပညာရှင်များအကြားက တိုက်ခိုက်မှုတို့ အကြောင်းကို ခန့် မှန်းကြည့်နိုင်သည်သာ ။ ရှိနေကြသည့် သိုင်းပညာရှင်အများစုမှာ ရီဝမ်ဝမ် ထုတ်သုံးလိုက်သည့်ခွန်အားကိုပင် မဆိုနှင့် ၊ အစောနက ချင်းရူရှီ၏ စုန့် ရွှယ်ကျန်းအပေါ် အလျှော့ပေးခြင်း ကိုပင် သိမြင်နိုင်ကြပါ၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now