စာစဉ် ၄၃ (၁၅-၁၈)

5.5K 883 12
                                    

Book.              :  43
Chapter.          :  15 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၃၊ အခန်း ၁၅ ။ သက်သေပြခြင်း

ရီဝမ်ဝမ် ပြောလိုက်သည့်စကားကြောင့် အားလုံး ပွက်လောရိုက်ကုန်သည် ။

လျန်မေးရွှမ်း မထီတထီပြောလာသည် ။ “ဟာသပဲ…လက်စွပ်က စကားပြောတတ်လို့ လား ။ ညည်းလက်စွပ်ပါလို့  ပြောလိုက်ရုံနဲ့ ပဲ ညည်းဟာ ဖြစ်သွားရောလား”

ရီဝမ်ဝမ် ပြုံးလိုက်သည် ။
“စိတ်မကောင်းပါဘူး၊ ဒေါ်လေး ။
လက်စွပ်က တကယ်ကို စကားပြောတတ်ပါတယ်”

လျန်မေးရွှမ်း ။ “ညည်း ပြသနာရှာနေတာလို့ပဲ ငါတော့ မြင်တယ်”

ရီဝမ်ဝမ်သည် လျန်မေးရွှမ်း၏ရိရွဲ့ နေမှုနှင့် အားလုံး၏အထူးတဆန်း ကြည့်နေကြသည့် အကြည့်တို့ ကို လျစ်လျူရှုထားသည် ။
“ဒေါ်လေး ၂ ကို မေးကြည့်ပါရစေ ။ ဒီလက်စွပ်က ရီယီယီရဲ့လက်စွပ်ဆိုတာ ကျိန်းသေပါတယ်နော်”

လျန်မေးရွှမ်းက သူမအား ပြန်ကြည့်လာသည် ။ “ရမ်းကားလိုက်တာ…ဒီလက်စွပ်က ငါတို့ ယီယီရဲ့ လက်စွပ်ပေါ့ဟ ။ ဘယ်သူ့ ဟာ ဖြစ်ဦးမှာလဲ ။ ရီဝမ်ဝမ်…ပေါက်ပန်းလေးဆယ်တွေ ပြောနေတာ ရပ်တော့ ။ ညည်း လျှာအရိုးမရှိ လျှောက်ပြောတတ်ရုံနဲ့ ပဲ အမှန်က အမှား၊ အမှန်းက အမှန် ဖြစ်မလာဘူး”

“အော်…ဟုတ်လား” ရီဝမ်ဝမ် မျက်ခုံးပင့်သွားသည် ။
ထို့ နောက် ဟွမ်မင်းကွမ်၏လက်ထဲကနေ ထိုလက်စွပ်ကို ယူလိုက်ပြီး… “ဒါဖြင့် ရီယီယီရဲ့လက်စွပ်ပေါ်မှာ ဘာလို့  ကျွန်မနာမည် ထွင်းထားတာလဲဆိုတာ ဒေါ်လေး ရှင်းပြပေးလို့ ရမလား”

လျန်မေးရွှမ်း ရုတ်ခြည်းတောင့်ခဲသွား၏ ။
“ညည်း…ညည်း ဘာပြောလိုက်တာလဲ”

ရီဝမ်ဝမ်သည် ထိုလက်စွပ်ကို ရီဟုန်းဝေအား တစ်ခါတည်း အပ်လိုက်၏ ။ “ဘိုးဘိုး၊ ဘွားဘွား ၊ ဒီလက်စွပ်ထဲမှာ ဘာစာလုံးထွင်းထားလဲဆိုတာ ကို ကြည့်ကြည့်ပေးပါ”

ရီဟုန်းဝေက ချက်ချင်းပင် လက်စွပ်အတွင်းပိုင်းကို ကြည့်လိုက်တော့ပြီ။ ချက်ချင်းဆိုသလိုပင် သူ့ မျက်နှာ ပျက်ယွင်းသွား၏ ။
“အထဲ…အထဲမှာ… ‘၀မ်’ လို့  ရေးထားတယ်…”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now