စာစဉ် ၂၉ ( ၁ - ၆ )

9.5K 1K 61
                                    

Book.              :   29
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၉၊ အခန်း ၁။ သူ အရမ်းကို စိတ်ငြိမ်နေပြီးသားပါ

စီရီဟန်သည် သူ့ အိမ်တော်ထိန်း ရူးခါသွားတော့မလား ဆိုသည်အား ဂရုစိုက်ပုံမရသည်မှာ အသိသာပင်။
သူသည် ရီဝမ်ဝမ် ပြောလိုက်သည့်
“မြန်မြန်လေး၊ ချစ်ကို နမ်း” ဆိုတာကိုသာလျှင် ကြားနေလေ၏ ။

သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် ခေါက်ဆွဲတို့ကို အိုးထဲထည့်လိုက်ပြီး၊ ခေါင်းအသာစောင်းငဲ့လာကာ ရီဝမ်ဝမ်၏ပါးနှစ်ဖက်အား အနမ်းတစ်ပွင့် နမ်းရှိုက်ပေး လိုက်၏။ ဒီနောက်၊ ၀က်အူချောင်းအား ဆက်လှီးနေလေ၏။

ရီဝမ်ဝမ်၊ ပြုံးဖြီးဖြီးကြီး လုပ်လာပြီး သူမဖုန်းအား ကြည့်လိုက်သည် ။
“အိမ်တော်ထိန်း ရွှီ၊ အခု စိတ်တည်ငြိမ်သွားပြီလား”

ရွှီရီ ။ “…”

ငြိမ်ပြီးသားပါဗျာ…အရမ်းကြီးကို ငြိမ်နေပြီးသားပါ…

ရီဝမ်ဝမ် ။ “တစ်ခုခုရှိသေးလား”

ရွှီရီ ။ “မရှိ…”

သခင်လေးတို့နှစ်ယောက်စလုံးကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ ကျွန်တော် လုံးဝရှိမနေသလိုသာ ဟန်ဆောင်ပေးကြပါ…

ဖုန်းစခရင်မ်သည် အမှောင်အတိကျသွားလေပြီ ။ တစ်ယောက်သောအိမ်တော်ထိန်းသည်ကတော့ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ပိုင်းဆိုင်ရာပါ ငလျင်
အဝှေ့ ခံလိုက်ရရင်း ဖုန်းချလိုက်ရခြင်းပင် ။

ရွှီရီအား ပိုပြီးစိတ်အေးသက်သာစေဖို့ရာ စဉ်းစဉ်းစားစား တွေးတောပေးပြီး စီရီဟန်၏ချက်ပြုတ်နေသည့် ပုံပေါင်းမြောက်မြားစွာကို ရီဝမ်ဝမ်၊ သူ့အား ပို့ပေးလိုက် တော့သည် ။ အဆုံးသတ်တွင်၊ မပို့တော့ပါရန် သူမအား
ရွှီရီ တောင်းပန်ယူရတော့၏ - ငါလေး တကယ်ကြီး စိတ်ငြိမ်နေပြီးပါပြီ…

အချိန်အကြာကြီးကြာအောင် စောင့်ပြီးသည့်နောက်၊
နောက်ဆုံးတွင် စီရီဟန်၊ ခေါက်ဆွဲချက်လို့ ပြီးစီးသွားခဲ့ပြီ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now