စာစဉ် ၃၈ ( ၉ - ၁၆ )

6.9K 1K 112
                                    

Book.              :   38
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၈၊ အခန်း ၉ ။  အကုန်ထုတ်ကြ

ရီဝယ်ဝယ်သည် အ၀တ်အစားတို့  စ၀ယ်ချိန်တွင် ချစ်စရာကောင်းသည့်ကလေးညအိပ်ဝတ်စုံအများကြီးကို
တွေ့ မြင်နေရလေရာ တစ်ခါတည်း အများကြီးပြုံဝယ်ချလာခြင်းပင် ။

ရီဝမ်ဝမ်က တစ်စုံပြီးတစ်စုံ ထုတ်ပြီး အိပ်ရာပေါ် ဖွကျဲထားသည် ။

အပြာဖျော့ဖျော့ရောင် ဒိုရေမွန်ကာတွန်းရုပ်ပုံပါသည့် ၀တ်စုံလေး ပါလာသလို ပန်းရောင်ဖျော့ဖျော့ ကြောင်ပုံဝတ်စုံလေးလည်း ပါသည် ။ ထို့ ပြင်
ဝက်ဝံပုံ ပါသည့်ဝတ်စုံလည်း ပါလာပေသည် - တစ်စုံချင်းတစ်စုံချင်းသည် ပိုပိုပြီး ချစ်ဖို့ ကောင်းလာ ကြသည်ချည်းပင် ။

တန်တန်သာ ၀တ်ဆင်လိုက်လျှင် ဘယ်လောက်တောင် ချစ်စရာ ကောင်းလိုက်လေမည်နည်းဟု ရီဝမ်ဝမ် စိတ်ကူးပုံဖော်မိလိုက်၏ ။ တစ်ချိန်တည်းမှာပင် ရှော့ပင်းစင်တာကြီးတစ်ခုလုံးကိုပါ သူမအိမ်ကို မ.သွားချင်စိတ် ပေါက်လာခဲ့မိသည်ပင် ။

သူသည် ချစ်စရာကောင်းလှသည့်ကလေးလေးတစ်ယောက်ပင် ဖြစ်လင့်ကစား အမြဲတစေ အနောက်တိုင်းဝတ်စုံပြည့်ကိုသာ ၀တ်ဆင်တတ်၏ - ထိုသည်မှာ သူ့ အသက်အရွယ်နှင့် လားလားမျှ ပနံမသင့်ပါချေ ။

“ဒါလေးလည်း ကောင်းသားပဲ ။ ဒါလေးလည်း ချစ်ဖို့ ကောင်း တယ် ။ သား ဘယ်ဟာကို အရင်ဝတ်ကြည့်ချင်လဲ” ဘယ်ဝတ်စုံကို စ၀တ်ကြည့်ခိုင်းရမလဲကို ရီဝမ်ဝမ် ဆုံးဖြတ်မရဖြစ်နေသည် ။

ကောင်ငယ်လေးက ပြောလာသည် ။
“သား မာမီ ၀ယ်လာတဲ့ဝတ်စုံတွေကို တစ်နေ့ ကိုတစ်စုံ ၀တ်လိုက်မယ်”

အစောပိုင်းထိအောင် ကလေးငယ်လေးသည် သူမ ၀ယ်ပေးလာသည့် ၀တ်စုံ တို့ ကို မကြိုက်နှစ်သက်မှာကို ရီဝမ်ဝမ် ကျိတ်ပူပန်နေမိခဲ့၏ ။
သူ ထိုသို့ ပြောလာသည်ကို ကြားလိုက်ရချိန်တွင် သူမ စိတ်အေးသွားချေသည်။

နောက်ဆုံးတွင် ရီဝမ်ဝမ်သည် အဖြူရောင်ကျားပုံပေါ်ပြီး ခေါင်းစွပ်တွင် ‘ဘုရင်’ ဟု ရေးထိုးထားသည့်ဝတ်စုံလေးကို ကောက်ကိုင်လိုက်သည် ။
ထိုခေါင်းစွပ်လေးတွင် နားရွက်နှစ်ဖက်ပင် ပါချေသည် ။ ချစ်စရာကောင်းလှသည်ဆိုသည်မှာ အလွန့် အလွန်ပင် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now