စာစဉ် ၄၃ (၇-၁၄)

5.2K 884 13
                                    

Book.              :  43
Chapter.          :  7 - 14
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၃၊ အခန်း ၇ ။ ညီမလေးလား…အနိုင်ကျင့်ခံရမှာ ။

ရီဟုန်းဝေ နှင့် တန်ယိလန် တို့လည်း ဧည့်သည်တော်တို့ အား နှုတ်ဆက်ပြီးကြသည့်နောက် သူတို့ ဆီ ရောက်လာကြသည် ။

“ရောက်လာကြပြီလား” 
ရီဟုန်းဝေ၏မျက်နှာမှာ ခပ်တင်းတင်းခပ်ထန်ထန်သာ ။ သို့ သော် ရီရှောင်ထင်းအပေါ်တွင် အရင်လို ရန်လိုခြင်းမျိုး မရှိတော့ ။

“ဖေဖေ..မေမေ…” 
ရီရှောင်ထင်းနှင့် လျန်ဝမ်ကျွင်းတို့  မြန်မြန်နှုတ်ဆက်လိုက်သည် ။

လျန်ဝမ်ကျွင်းကို မြင်လိုက်သည်နှင့် စိတ်မရွှင်မပျဖြစ်သွားသည့် တန်ယိလန် ။ ရီမူဖန်ဘက်သို့  လှည့်ကြည့်လိုက်တော့မှသာ သူမ စိတ်ပေါ့ပါးသွား၏ ။ “ဒီမှာပဲ ရပ်မနေကြနဲ့  ။ သွား…ဧည့်သည်တွေကို သွားနှုတ်ဆက်လိုက်ကြဦး”

ဧည့်သည်တော်တို့ ကို သွားရောက်နှုတ်ဆက်ခိုင်းခြင်းမှာ
သူတို့ အား ရီ မိသားစုဝင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းပင် ။

ရီမူဖန်က ချက်ချင်းပြောသည် ။
“ဟုတ်ကဲ့ပါ ဘွား ။ အခုပဲ သွားနှုတ်ဆက်လိုက်ပါ့မယ်”

ရီရှောင်ထင်းနှင့် လျန်ဝမ်ကျွင်းတို့ လည်း ခေါင်းညိတ်လိုက်ကြသည် ။ လျန်မေးရွှမ်းနှင့် ရီရှောင်အန်းတို့ အဖို့မူ ရင်ထဲကနေ ကျိတ်ဆဲဆိုပြီးနေပြီ ဖြစ်သော်ငြား…အပြင်ဘက်တွင်မူ အပြုံးပန်းကြီးသာ ဆင်မြန်းထားကြ၏ ။
“မေမေ ကလဲ….ဧည့်သည်တွေက ရောက်သင့်သလောက် ရောက်နေကြ ပါပြီ ။ အစ်ကိုနဲ့ မရီးက အခုမှ ရောက်လာတဲ့ဟာ ။ ခနေလောက်လေး စိတ်အေးလက်အေးနဲ့ နားနားနေနေ နေကြပါစေလား”
ရီရှောင်အန်းသည် ရီရှောင်ထင်းနှင့် လျန်ဝမ်ကျွင်းအား ပထုတ်ထားရင်း ပြုံးပြုံးကြီးပြောသွားသည် ။

ထိုစဉ်…ရီယီယီသည် ရီဝမ်ဝမ်တို့ အား နှုတ်ဆက်လိုက်ကတည်းက ရီဝမ်ဝမ်အပေါ် အကြည့်တောက်လျှောက်ရောက်နေသည့် ဂူရွဲ့ ကျီအား သတိကြီးကြီးထားကာ ခိုးခိုးကြည့်နေလေ၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now