စာစဉ် ၄၄ (၇-၁၄)

5.6K 897 33
                                    

Book.              :  44
Chapter.          :  7 - 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၄၊ အခန်း ၇ ။  ဦးနှောက်က ချီးတွေနဲ့  ပြည့်နေတာလား

[ချီးဗဒုံးကောင် နန် ။ ညီမလေး ကျော်ကြားသော ရီ…ငါ မှားပါတယ် ၊ ငါ မှားသွားပါတယ် ။ တောင်းပန်ပါတယ် ။ ဒါနဲ့  စိတ်ချပါ ။ ငါ တန်တန့် ရဲ့ မိဘတွေကို အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးတော့ အမြန်တွေ့ အောင် ရှာပေးမှာပါ]

[ရီဝမ်ဝမ် ။ ဒီလောက်ကြီး လောကြီးစရာမလိုပါဘူးဆို ။
ရှင် တကယ်ပဲ..]

[ချီးဗဒုံးကောင် နန် ။ ညီမလေး ကျော်ကြားသော ရီ…
မင်း ငါ့ကို မယုံလို့ လား ။ သုံးလ…မဟုတ်ဘူး…နှစ်လ...မဟုတ်ဘူး၊ မဟုတ်ဘူး…တစ်လ…။ တစ်လအတွင်း တွေ့ အောင် ရှာပေးမယ်]

ရီဝမ်ဝမ် ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်လာသည် ။

သူ့ ဦးနှောက်က ချီးတွေပဲ ရှိတာလား…။

သူမသည် ဒီလောက်ထိ ပွင့်ပွင့်လင်းလင်းပြောပြနေသည့်တိုင်
သူသည် နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ ။

ရီဝမ်ဝမ်၊ ဒေါသတို့ ဖြင့် ဗလောင်ဆူရင်း ခေါင်းအုံးကို ဖက်ကာ အိပ်ရာပေါ် လူးလှိမ့်နေမိ၏ ။

ထားလိုက်တော့…တန်တန်ရဲ့မိဘအရင်းကို
ရှာတွေ့ သွားရင်တောင်
ငါ သူ့ ကို ထပ်မတွေ့ နိုင်တော့မှာမှ မဟုတ်တာ ။
သူ့ ရဲ့မွေးစားအမေ ဖြစ်လို့ ရသေးတာပဲဟာ ။

သူမသည် ကိုယ့်ကိုယ်ကို ထိုကဲ့သို့ နှစ်သိမ့်ပေးနေမိသည့်တိုင် တန်တန်သည် သူများသားဖြစ်သည်ဟု တွေးလိုက်မိတိုင်း
ရင်ထဲ တဆစ်ဆစ်နာကျင်လာမိဆဲသာ ။

ရီဝမ်ဝမ် သည် အိပ်ရာပေါ်တွင် လူးလှိမ့်နေပြီး ၊ နောက်ဆုံးမှ စိတ်ငြိမ်သွား ၏ ။ ချက်ချင်းပင် ဖုန်းကို ကောက်ကိုင်လိုက်ပြီး အနုပညာသတင်းတို့ ကို ဖတ်ကြည့်လိုက်သည် ။

အစကမူ ဒီတိုင်း စိတ်ပြေလက်ပျောက်ဖတ်ကြည့်နေမိခြင်းသာ ။
သို့ သော် သတင်းတစ်ပုဒ်အရောက်တွင် သူမ လုံးဝကို စိတ်ဝင်စားသွား၏…

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now