စာစဉ် ၂၅ ( ၁ + ၂ + ၃ + ၄ )

39.7K 1.3K 60
                                    

Book.              :   25
Chapter.          :  1 + 2 + 3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၅၊ အခန်း ၁။ ကျွန်မ ရှင့်ကိုပဲ လိုချင်တယ်

ရီဝမ်ဝမ် ဘာမှမပြောရသေးခင်မှာပင် သစ်သားဘူးလေးအား ထုတ်ယူလိုက်သည့် စီရီဟန် ။ ဒီနောက်၊ ထိုဘူးအား ဖွင့်လိုက်ရာ၊ အထဲတွင် လက်စွပ်တစ်ကွင်း ရှိနေ၏ ။

ထိုလက်စွပ်သည် မီးခိုးရောင်ဖြစ်ပြီး လုံးဝထူးခြားနားဟန် မရှိပါချေ ။အလွန်ပင် ဟောင်းနွမ်းပြီး သူမ နားမလည်သည့် စာလုံးထွင်းထားခြင်း ရှိ၏။

စီရီဟန် ၊ တစ်စုံတစ်ရာကို စဉ်းစားနေဟန်ဖြင့် ထိုလက်စွပ်အား ဖွဖွလေး ပွတ်လို့နေလျက်၊ အချိန်အတော်ကြာအောင် စကားပြောလာခြင်းမရှိပေ။

စားပွဲရှေ့တွင် ရပ်နေသည့် ရီဝမ်ဝမ်။ သူမသည် သူ့အား မနှောင့်ယှက်ရဲ သလို အသံတစ်သံမှ မထွက်ဝံ့သည့်အပြင် သူ ဘာလုပ်ဖို့ကြံနေသလဲ ဆိုသည်ကိုပါ မသိချေ ။

သူမ၏အတိတ်ဘ၀တုန်းက သူသည် ဒီလိုအရာမျိုး မလုပ်ခဲ့ဖူးပါချေ ။
သူမ၏အတိတ်ဘ၀တုန်းက စီရီဟန်သည် သူမလေးအား ထပ်ခိုးသို့ ခေါ်သွားပေးလိုသည့် စိတ်ကူးတစ်ကြိမ်ရှိခဲ့ဖူး၏။ သို့သော်၊ ထိုထပ်ခိုးမှာ ဆိုးရွားလှသည့်နှိပ်စက်ကိရိယာတို့ဖြင့် ပြည့်နှက်နေပြီး ဒီနေရာသည် စီရီဟန် လူတွေကို နှိပ်စက်ညှင်းပန်းသည့်နေရာဖြစ်ကြောင်းကို ရှန်းမန်ချီသည် သတင်းကြိုရထားကာ သူမလေးအား ပြောပြထားခဲ့ သည်မို့ ။ ရီဝမ်ဝမ်၊ ဒီထပ်ခိုးအား သေမတတ်ကြောက်သလို ဘယ်တုန်းကမှ တက်ကြည့်ရဲခဲ့ခြင်း မရှိခဲ့ပါချေ ။

ထို့ကြောင့်၊ ထိုအချိန်တုန်းက စီရီဟန်သည် သူမအား ထိုနေရာသို့ ခေါ်သွားပေးလိုချိန်တွင်၊ ရလဒ်သည်ကား ထင်ထားသလိုပင် - စီရီဟန်သည် သူမအား နှိပ်စက်ညှင်းပန်းတော့မည်ဟု ထင်ကာ၊
သူမ ပြသနာဝုန်းဒိုင်းကြဲရှာတော့ပြီး လုံးဝပင် ထိုနေရာသို့ မသွားခဲ့…

သို့သော်၊ သူမ မမျှော်လင့်ထားခဲ့သည်ကား ထပ်ခိုးခန်းတွင် ထိုထိုကြောက်စရာကောင်းသည့်ပစ္စည်းတွေ လုံးဝ ရှိမနေခြင်းပင် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now