စာစဉ် ၂၇ ( ၂၅ - ၃၀ )

9.3K 951 45
                                    

Book.              :   27
Chapter.          :  25 - 30
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၇၊ အခန်း ၂၅။  ခုနက ခံစားချက်ကို မှတ်ထား

သေစမ်း၊ သေစမ်း၊ သေစမ်း ။ ငါ ရူးသွားပြီလား ။
ငါ တကယ်ကြီး ယောကျာ်းတစ်ယောက်ကို ချစ်ဖို့ကောင်းတယ်လို့ မြင်လိုက်တယ်။

ငါက ဂေး လား။

ကုန်ရွှီ၊ ကိုယ့်ကိုယ်ကို နိုးထလာဖို့ရာ သူ့မျက်နှာသူ ရိုက်လို့နေ၏။

သို့သော်၊ အခုနကမြင်ကွင်းကို တွေးလိုက်မိသည်နှင့်
ချက်ချင်းပင် အတွေးထဲနစ်သွားရပြန်သည်….

လျိုချန်း၊ ကုန်ရွှီနှင့် လက်ထောက်နှစ်ယောက်မှာ ထိုအခန်းကြောင့် ပါးစပ်အဟောင်းသားဖြစ်နေမိကြစဉ်  ရီဝမ်ဝမ်၊ သူမရဲ့နဂိုအေးစက်စက်ပုံစံ ပြန်ဖြစ်သွားပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းတညိတ်ညိတ်လုပ်လာကာ ။ “အရမ်းကောင်းတယ်၊ ဒါက အများကြီးပိုကောင်းတယ်။ မင်းရဲ့ခံစားချက်တွေကို မှတ်သွား၊ ဒါဆို ပြီးပြည့်စုံသွား လိမ့်မယ်”

ရုတ်တရက်၊ တံခါးခေါက်သံ ပေါ်လာသည်။
ရိုက်ကူးရေးအဖွဲ့ထဲက တစ်ယောက်ဖြစ်သည့်ရှောင်ချန်း၊ သတိပေးလာခြင်းပါတည်း။ “လျိုချန်း၊ ရိုက်ကူးရေးစနေပြီ”

“သွားပါ။ အခုနက အဲ့ဒီခံစားချက်ကို မှတ်ထား”
ရီဝမ်ဝမ်၊ သူ့အား သတိပေးလိုက်၏။

“ကောင်းပါပြီ…”
လျိုချန်း၊ နောက်ဆုံးတွင်မှ အသိပြန်ဝင်သွားခြင်းပင်။ ဘာကြောင့်လဲဆိုတာ သူ မသိပါချေ။ သို့သော်၊
သူ ရီပိုင်အား တည့်တည့်ကြည့်ရဲခြင်းမရှိတော့။ သူ၏လက်ထောက်နှင့် သုတ်သုတ်သုတ်သုတ်ပင် ထွက်သွားတော့၏ ။

“သွားမယ်။ သူ့ကို အတူသွားကြည့်ကြမယ်။
မင်း ဒီကိုရောက်နေမှတော့ ဒီအခွင့်အရေးကို
အသုံးချပြီတော့ သင်ယူထား”
ရီဝမ်ဝမ်၊ ကုန်ရွှီအား ပြောလိုက်သည် ။

သို့သော်၊ ကုန်ရွှီသည်ကား ပါးစပ်ဟောင်းလောင်းဖြင့်
ကျောက်ရုပ်ကြီးပမာ မတ်တပ်ရပ်လို့သာနေရာ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now