စာစဉ် ၃၃ ( ၇ - ၁၂ )

7.9K 986 69
                                    

Book. : 33
Chapter. : 7 - 12
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၃၊ အခန်း ၇ ။ ကုန်ရွှီနှင့် လူစီယန်း

အင်ပါရီယာစကိုင်းသည် ရွှီလင်းဆီမှ ခိုးယူထားသည့် ဇာတ်ညွှန်းကို ရိုက်ကူးခြင်းရှိမရှိ သူမ သိမှရပေမည် ။

သူမအနေဖြင့် မှတ်မိသလောက်ကိုးကားပြီး ဇာတ်ညွှန်းကို ရေးထားခဲ့ပြီး အင်ပါရီယာအရှေ့ ကနေ ကော်ပီရိုက်အတွက် စားရင်းသွင်းထားပြီးချေပြီ။ သူမအနေဖြင့် ထိုပရောဂျက်အား တိတ်တိတ်လေးစလုပ်နေပြီ မဟုတ်လား။

ဤသည်မှာ သူမ ကိုင်ထားသည့်ဝှက်ဖဲ ဖြစ်၏ - သူမ၏အနာဂတ် ပြောင်းလဲ မပြောင်းလဲ ဆိုသည်မှာ ဤ၀ှက်ဖဲပေါ်တွင် မူတည်နေပေသည် ။

သူမအနေဖြင့် သေသေချာချာလေ့လာစုံစမ်းထားခြင်းမရှိဘဲ ဒက်ဇလင်းကနေ ထွက်လိုက်မည်ဆိုပါလျှင် သူမ ဤလောကထဲ ပြန်ခြေဆန့် နိုင်ဖို့ ရာအတွက် အခက်ခဲကြီးခက်ခဲသွားပေလိမ့်မည်ပင် ။

အခုချိန်တွင် သူမအနေဖြင့် အကြွေးတွေအားလုံးကို ဆပ်ပြီး အိမ်ပိုင်ဆိုင်ကြောင်း မူပိုင်ခွင့်စာချုပ်ယူနိုင်ဖို့ ဖြစ်သည် ။ ပြီးလျှင် သူမ လုပ်ရမည်မှာ အင်ပါရီယာစကိုင်းဘက်မှ သတင်းစောင့်နေဖို့ ...

ရီဝမ်ဝမ် စဉ်းစားတွေးတောနေမိချိန် အရေးတကြီးဖုန်းသံ ၀င်လာသည် ။

ကုန်ရွှီ၏လက်ထောက်ဖြစ်သူ တုံကျိုက်သည် ဖုန်းတဖက်ကနေ စိုးရိမ်တကြီး ပြောဆိုလာသည် ။
"အစ်ကို ရီ၊ ဒုက္ခတော့ ရောက်ပြီ ။ ကုန်ရွှီ...ကုန်ရွှီ အခု ချိုင်းယုံရှန်းနဲ့  ရန်ဖြစ်နေတယ်..."

ရီဝမ်ဝမ် မျက်မှောင်ကြုတ်သွား၏ ။
"ချိုင်းယုံရှန်း...။ မင်းတို့  ဒီနေ့  ဗျူးတီး ကာဗာသွားရိုက်ကြတာ မဟုတ်ဘူးလား"

တုံကျိုက်က ပြန်ဖြေလာသည် ။
"ဟုတ်ပါတယ် ။ ဒါပေမယ့် ဒါရိုက်တာ ချိုင်းက
သူ့ လက်အောက်က လူစီယန်း လို့ ခေါ်တဲ့ သရုပ်ဆောင်တစ်ယောက်ကိုပါ ခေါ်လာတယ် ။ ပြီးတော့ ပြောသေးတယ်။ လူစီယန်းက ကုန်ရွှီနဲ့ အတူ ကာဗာတွဲရိုက် လိမ့်မယ်တဲ့။ ကုန်ရွှီက မရိုက်ချင်ဘူးလုပ်နေတာ၊ အဲ့ဒါနဲ့  သူတို့တွေ ရပ်စဖြစ်ကြတော့တာပဲ"

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now