စာစဉ် ၆၃ (၂၁-၃၀)

2.5K 365 19
                                    

Book.              :  63
Chapter.          :  21 - 30
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၃၊ အခန်း ၂၁။ ယောကျာ်းမိန်းမ ရောနေရမှာ

တခနကြာတော့ ရီဝမ်ဝမ် နဲ့ အဘိုး လျို တို့
မီးလျှံကျောင်းတော် စာစစ်ခန်းကို ရောက်သွားကြသည် ။

“နာမည် ဘယ်လိုခေါ်လဲ”

အကြီးအကဲ တစ်ယောက်က ရီဝမ်ဝမ်ကို မေးလိုက်၏ ။

ရီဝမ်ဝမ် တခနလောက် တွေးကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည် ။
“ရီ ၀မ်ဝမ် ..”

“ခင်ဗျားနာမည်ကရော”

အဘိုး လျို ဘက်သို့  မေးလိုက်တော့
အဘိုး လျိုက ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည် ။

“လျို တာ့ ချန်း”

“သူက ခင်ဗျားရဲ့ မြေးမလေးလား”

ထိုအကြီးအကဲ မှာ အံ့သြနေတော့
အဘိုး လျို က ခေါင်းညိတ်ပြီး ပြောလိုက်သည် ။
“ဟုတ် ဟုတ် ဟုတ်ပါတယ် ကျွန်တော့်ရဲ့ မြေးမလေးပါ”

“ခင်ဗျားရဲ့ နာမည်က လျို တာ့ ချန်း ၊
သူ့ နာမည်က ရီဝမ်ဝမ် .. ဒါပေမယ့် ခင်ဗျားတို့နှစ်ယောက်က မြေးအဘိုးတော်နေတယ်လား”
ထိုအကြီးအကဲမှာ မျက်မှောင်ကြုတ်လာသည် ။

“အဲ့ဒါက .. ဒီကလေးရဲ့ အဖေက သူ ငယ်ငယ်လေးထဲက သေသွားပြီးတော့ သူ့ အမေက နောက်ယောကျာ်း ထပ်ယူလိုက်တာကြောင့် သူ့ အမေရဲ့ ယောကျာ်းဘက်က
ရီ မျိုးရိုးကို ပြောင်းလိုက်ရတာပါ”
အဘိုး လျို သည် မျက်တောင်ပင် တစ်ချက်မခတ်ဘဲ ညာလေပြီ ။

“အဲ့လိုကိုး”
ထိုအကြီးအကဲမှာ နောက်ဆုံးတော့ ထိုရှင်းပြချက်ကို လက်ခံလိုက်ရ၏ ။
“ရီ ၀မ်ဝမ် နော် … ဂျိဘုရင်က ထောက်ခံပေးထားတဲ့သူ ဆိုတော့ စာမေးပွဲဝင်ဖြေနေစရာ မလိုဘူး ။ အခုကစပြီးတော့ D-အဆင့် နဲ့ မီးလျှံကျောင်းသား ဖြစ်သွားပြီ ။ ရော့ .. မင်းရဲ့ ယူနီဖောင်းနဲ့ ကြေးစားကတ်”
ထိုအကြီးအကဲက ရီဝမ်ဝမ်ကို ပစ္စည်းများ ပေးလာသည် ။

“ကျေးဇူးတင်ပါတယ်”  ရီဝမ်ဝမ် ပြုံးလိုက်မိ၏ ။

ဂျိရှို့ ရန်ရဲ့အရှိန်အ၀ါက တယ်ကြီးပါ့လား .. ဟီးဟီး ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now