စာစဉ် ၄၉ (၁၇-၂၅)

4.5K 681 21
                                    

Book.              :  49
Chapter.          :  17  - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၉၊ အခန်း ၁၇ ။  သူ ဘယ်သူလဲ  

သို့ သော်လည်း၊
သူမတွင် ထိုသူမနှင့် ပတ်သက်သည့် မှတ်ဥာဏ်တို့  ရှိမနေသလို ထိုအသက်အရွယ်တွင် စီရီဟန်ကိုလည်း
လုံးဝ သိမနေပါချေ ။
ထို့ ကြောင့် သူမသည် အဘယ်ကြောင့် အိပ်ရာပေါ်တွင် လှဲနေပြီး တခြားသူတစ်ယောက်၏ မှတ်ဥာဏ် အစားသွင်းခြင်းကို ခံခဲ့ရသည်နည်း ။ အဘယ်ကြောင့် အိပ်မွေ့ နက်နက်ရှိုင်းရှိုင်း ချခြင်းဖြင့် သူမ၏ မူလ မှတ်ဥာဏ်များ ပြောင်သလင်းခါသွားလေသည်နည်း ။

ရီဝမ်ဝမ်သည် ခေါင်းတစ်ခုလုံး ခဲအုံလာကာ ယိမ်းထိုးလာ၏ ။ သူမ ရင်ထဲတွင် ပျောက်ဆုံးနေသည့် ခံစားချက်ကြီးတစ်ခုက
အုံကြွတက် လာနေသလိုလို ။

ရီဝမ်ဝမ်သည် စီရီဟန်၏ ပျောက်ကွယ်သွားမှုနှင့် ကြုံတွေ့ လိုက်ရရုံသာ ရှိသေးသည် ။ အခုတစ်ဖန် စီရီဟန်၏ စာကြည့်ခန်းထဲကနေ သူမ မည်သူမည်ဝါဆိုသည့်
လျို့ ဝှက်ချက်ကြီးတစ်ခုပါ ထပ်တွေ့ လိုက်ရပြန် သည်။ ထိုအရာတွေအားလုံး၏ နောက်ကွယ်က လူမှာလည်း မည်သူမှ မဟုတ်ဘဲ စီရီဟန် ကိုယ်တိုင် ဖြစ်နေလေသည် ။

ဗွီဒီယိုထဲတွင် ပြောသွားသည့် အကြောင်းအရာတို့ မှာ ဟာသမဟုတ် ။ ထို့ ကြောင့် သူမသည်လည်း အမှန်တကယ်ပင် ရီဝမ်ဝမ် မဟုတ် ။
သို့ ဆိုပါက သူမသည် မည်သူလေနည်း ။

ဗွီဒီယိုသည် တကယ့်အစစ်အမှန် အတိုင်းပင် ဖြစ်လွန်း၏ ။ သို့ သော် သူမ စိတ်ထဲတွင် ကျန်ရစ်နေသည့် မှတ်ဥာဏ်တို့ သည်လည်း တကယ်အစစ်ပင် ဖြစ်ပေသည် ။ ကလေးဘ၀ကနေ အခုထိတိုင် ကြုံတွေ့ ခဲ့ရသမျှ မှတ်ဥာဏ်အားလုံးမှာ သူမကိုယ်တိုင် ကြုံတွေ့ 
ထားခဲ့ရခြင်းသာ ဖြစ်သည် ။ သို့ ဖြစ်ရက်နှင့် သူမ၏ အင်မတန် အဖိုးတန်လှသည့် မှတ်ဥာဏ်တို့ မှာ ဘယ်ပုံဘယ်နည်းဖြင့် သူများမှတ်ဥာဏ်များ ဖြစ်နေလေသည်နည်း ။

ရီဝမ်ဝမ်သည် ချက်ချင်းပင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး
သူမ၏ စိတ်ခံစားချုက်တို့ ကို မှုတ်ထုတ်ပစ်လိုက်သည် ။ စားပွဲနောက်တွင် ထိုင်နေရင်း စီရီဟန်၏ ကွန်ပျူတာကနေ မှတ်ဥာဏ်အုပ်ခြင်းအကြောင်းကို ရှာဖွေကြည့်လိုက်သည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now