စာစဉ် ၃၂ ( ၂၅ + ၂၆ )

7.7K 1K 98
                                    

Book.              :  32
Chapter.          :  25 + 26
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၂၊ အခန်း ၂၅ ။  အဓိပ္ပာယ်ရှိတာ တစ်ခုခုလုပ်ကြရအောင်

စီရီဟန်၏မျက်နှာကို မြင်လိုက်ပြီးသည့်နောက် ရီဝမ်ဝမ်၏သဘောထားမှာ ၁၈၀ ဒီဂရီ ပြောင်းလဲသွားပြီး ကျားဖြူကြီးအား သူမခေါင်းထဲက နောက်ဘက်အကန့် ထဲ
ပို့ ပစ်လိုက်တော့လေသည် ။

ကျားဖြူကြီးသည် ဒီအခွင့်အရေးကို အမိအရယူပြီး အမှောင်ထုထဲ လှစ်ခနဲ ထွက်ပြေးပျောက်ကွယ်သွားတော့၏ ။

ရီဝမ်ဝမ်သည် ကျားဖြူကြီးအား လွှတ်လိုက်ပြီး ပြေးလာနေသည်ကို မြင်လိုက်ရသဖြင့်
စီရီဟန်၏အမူအရာမှာ နူးညံ့ပျော့ပျောင်းလာတော့သည် ။

ရီဝမ်ဝမ်သည် သူမ၏ခေါင်းလေးကို စီရီဟန်၏ရင်ခွင်ထဲ တိုးဝှေ့ ဝင်နေရင်း တောက်ပရွှန်းစားသည့်မျက်ဝန်းတို့ ဖြင့် ထိုချောမောလှသည့်ယောက်ျားအား မော့ကြည့်လာသည် ။

ဝိုး…ဘေဘီက အရမ်းကို ချောတာပဲ…ဟီးဟီး ။
တောရိုင်းကောင်ကြီးသည် အသားပါသည့်အရိုးမှာ အသားကို ၀ိုက်စားသွားသလို၊ ရီဝမ်ဝမ်သည်လည်း သူ့ အကျီင်္တို့ ကို ဆွဲဆုတ်ပစ်ချင်နေသည့်အလား သူ့ အား ကြည့်လို့ နေ၏ ။

စီရီဟန်၏နှုတ်ခမ်းလွှာတို့  တွန့် ကွေးတက်သွားရသည် ။
“ပြန်မယ်”

“အင်း အင်း…” ရီဝမ်ဝမ်သည် နာနာခံခံရိုရိုကျိုးကျိုးလေး ခေါင်းညိတ်ပြလာပြီး သူ့နောက်က လိုက်ပါသွား၏ ။

အိမ်ထဲ ၀င်သွားပြီးသည့်နောက် စီရီဟန်သည် သူမအတွက် ပြင်ဆင်ထားသည့် စွပ်ပြုတ်ကို ရီဝမ်ဝမ်အား သောက်ခိုင်းလိုက်ပြီး၊
နောက် ရေမိုးချိုးခိုင်းကာ အိပ်ရာဝင်ခိုင်းတော့၏ ။

ရီဝမ်ဝမ်သည် အိပ်ရာထဲ ၀င်နေပြီဖြစ်သော်လည်း ငြိမ်ငြိမ်နေခြင်းမရှိ ။

အရက်ရှိန်သည် မြင့်သထက်မြင့်လာပြီး
သူမ သောက်ထားသည့် စွပ်ပြုတ်မှာ လုံးဝအကျိုးအာနိသင်ရှိမနေချေ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now