စာစဥ် ၅၇ (၁၇-၂၅)

4K 515 26
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  57
Chapter.          :  17 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၇၊ အခန်း ၁၇။ မီးလျှံကျောင်းတော်

သို့သော် စိုးရိမ်ခြင်းကင်းသော နန် ရထားခဲ့သည့် စံချိန်အားလုံးကို နန်လင်းလုံသည် မီးလျှံကျောင်းတော်ကို ရောက်လာပြီးနောက်တွင် အကုန်ချိုးပစ်ခဲ့လေသည် ။

အခုတွင် ၊ မီးလျှံကျောင်းတော်၏ သူရဲကောင်းမလေးမှာ စိုးရိမ်ခြင်းကင်းသော နန် အဖြစ်မှသည် နန်လင်းလုံသို့ ဖြစ်လာခဲ့လေပြီ ။ မီးလျှံကျောင်းတော်တွင် နန်လင်းလုံ တင်သွားခဲ့သည့် စံချိန်ကို ဘယ်သူကမှ ထပ်ချိုးနိုင်ခြင်း မရှိခဲ့ပါချေ ။

“မီးလျှံကျောင်းတော်…”

ရီ၀မ်၀မ် ဖွဖွလေး ရေရွတ်လိုက်မိ၏ ။
တဆက်တည်း သူမလေး၏ ခေါင်းမှာ အုံတက်လာပြီး တစ်ကိုယ်လုံးကို တစ်ခုခုက စူးရှစွာ ထိုးနှက်နေသလို ။

အရက်ရှိန်ကြောင့် ဖြစ်လိမ့်မည် ။ မှတ်ဥာဏ်အပိုင်းအစတို့မှာ သူမလေးစိတ်ထဲတွင် ရုပ်လုံးကြွလာလေသည် ။

ထိုမှတ်ဥာဏ်များထဲတွင် မီးလျှံကျောင်းတော် ဆိုသည့် ရွှေရောင်စာလုံးကြီးကို မြင်လိုက်မိသလို ထိုကျောင်းတော်က ကိစ္စရပ်တစ်ချို့ကိုလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်မိလေပြီ ။

“ဘာဖြစ်လို့လဲ”

ဂျိရှို့ရန်သည် ရီ၀မ်၀မ်၏ ပျက်ယွင်းသွားသည့် မျက်နှာလေးကို တွေ့လိုက်ပြီး သူမလေးပုခုံးကို ဖိကာ မေးလိုက်သည် ။

ရီ၀မ်၀မ်သည် မျက်မှောင်အကြုတ်ကြီး ကြုတ်မိနေလျက် ။
သူမလေး၏ မှတ်ဥာဏ်တို့မှာ ရှုပ်ယှက်ခတ်လှခြင်းကြောင့် သူမလေး လွှတ်ခနဲ ထုတ်ပြောလိုက်မိသည် ။

“ကျွန်မ အရင်တုန်းက မီးလျှံကျောင်းတော်ကို…ရောက်ဖူးသလိုပဲ…”

ထိုစကားကို ကြားလိုက်သည်တွင် ဂျိရှို့ရန်၏ မျက်လုံးအိမ်ထဲ အလင်းတစ်ချက် ပြိုးပြက်သွားသည် ။

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now