စာစဉ် ၆၀ (၁-၁၂)

3.9K 540 56
                                    

Book.              :  60
Chapter.          :  1 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၀၊ အခန်း ၁။  ရန်ဖြစ်ကုန်ကြတော့မယ်

အခုကျမှ အချင်းချင်းတွေ လာလုပ်နေတယ် ။ သူ့ ကို အကူအညီတောင်းလိုက်တိုင်း ပိုက်ဆံကျ တစ်ပြားကအစ မရမက လိုက်တောင်းနေပြီးတော့များ …

“အင်းပါ” နောက်ဆုံးတော့လည်း ရီဝမ်ဝမ် သဘောတူလိုက်ရ၏ ။ ဘာပဲဖြစ်ပါစေ တန်တန် အဆင်မှ ပြေရဲ့လားဆိုတာကို သူမလည်း
တွေ့ ချင်မိပါ၏ ။

….

နောက်တစ်နေ့ မနက်တွင် …
ဖိန့်ဖိန့်တုန် ဂိုဏ်း၏  အရေးကြီးကိစ္စတချို့ကြောင့် ရီဝမ်ဝမ် ရုံးကို စောစောသွားလိုက်၏ ။

ဒီရက်အတွင်း ဆောင်းဦးရေသည် နတ်သက်ကြွေ အဆိပ် ဖြေဆေးကို လိုက်ရှာနေခဲ့သလို ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်သည်လည်း အပူတပြင်း ပြေးလွှားကာ ပျာယာခတ်အောင် ရှာနေခဲ့ကြ၏ ။ တစ်ဖက်တွင်မူ ရီဝမ်ဝမ်သည်ကတော့ ဘာမှ မဖြစ်ခဲ့လေသည့်အလား စိတ်ပူခြင်းအလျဉ်းမရှိဘဲ အေးအေးလူလူသာ ။

အချိန်မကျသေးဘူး ။

ဖိန့်ဖိန့်တုန်ဂိုဏ်းအတွက်မူ ဂိုဏ်းကြီးတစ်ဂိုဏ်းလုံး၏ သြဇာအာဏာတို့မှာ သူမလက်ထဲ လုံးဝရောက်လာပြီဟု ရီဝမ်ဝမ် ရှင်းရှင်းလင်းလင်းကို ခံစားနေမိ၏ ။

အရင်ကဆို ရီဝမ်ဝမ်သည် ဂိုဏ်း၏ နိစ္စဒူဝ အလုပ်တို့ကိုသာ ရုံးတွင် ထိုင်ပြီး ဖြေရှင်းနေခဲ့ရ၏ ။ သို့သော် အခုတော့ သူမသည် ဂိုဏ်း၏ အဓိကကိစ္စ ကြီး တို့ကို ဖြေရှင်းလာရလေပြီ ။

သူမ၏ ဆုံးဖြတ်ချက်တို့သည် ကျိုးကြောင်းဆီလျော်သည်ပဲဖြစ်ဖြစ် မဆီလျော်သည်ပဲဖြစ်ဖြစ် ဖိန့်ဖိန့်တုန် ဂိုဏ်းထဲ အလိုမကျသည့်အသံ တစ်သံမှ မထွက်လာကြပေ ။ အားလုံးသည် သူမ ပြောသလို လုပ်သည် ၊ အကြိမ်တိုင်း နည်းပေါင်းစုံဖြင့်  “ဂိုဏ်းချုပ်က တော်လိုက်တာ” ဆိုပြီးသာ လိုက်မြှောက်ပင့်ကြသည် ။

ရီဝမ်ဝမ် စိတ်ပါ လှုပ်ရှားလာမိ၏ ။ လက်ရှိဖိန့်ဖိန့်တုန် ဂိုဏ်း ကား အရင်ဖိန့်ဖိန့်တုန် ဂိုဏ်း မဟုတ်တော့ ။ ပြောင်းလဲသွားလေပြီ …

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now