စာစဉ် ၃၁ ( ၁၉ - ၂၄ )

7.6K 874 42
                                    

Book.              :   31
Chapter.          :  19 - 24
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၁၊ အခန်း ၁၉။ သူက တကယ်ပဲ ဘယ်သူလဲ

“တကယ်တော့ သေခြင်းတရား၏နှင်းဆီဆိုတာက ကျွန်တော်တို့ ကပ္ပတိန်ရဲ့အဖေ ငယ်ငယ်လေးတုန်းက ရေးထားခဲ့တဲ့စာအုပ်တစ်အုပ်ဗျ။ အဲ့လိုအင်အားကြီးအဖွဲ့ တစ်ဖွဲ့ အကြောင်းကို အကြမ်းဖျင်းရေးပြီးတော့ နောက် ရေးတာရပ်လိုက်တယ် ။ အဲ့ဒီနောက် ကျွန်တော်တို့ရဲ့ကပ္ပတိန် မွေးလာတယ်ပေါ့ဗျာ ။ ကပ္ပတိန် ငယ်ငယ်လေးတုန်းကပေါ့ ။ သေခြင်းတရား၏နှင်းဆီက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ် ဆိုပြီး ပိုပြီးတော့ရုပ်လုံးကြွလာအောင်လို့  အသေးစိတ်ပုံဖော်ရေးခဲ့တယ်…”

“သေခြင်းတရား၏နှင်းဆီ အဖွဲ့ ဝင်တွေက ရင်ဘတ်မှာ ပန်းထိုးထားတဲ့ ၀တ်ရုံကို ၀တ်ဆင်ကြပြီးတော့ ငွေရောင်မျက်နှာဖုံးတွေ စွပ်ထားကြရတယ် -အဲ့ဒီခရေစေ့တွင်းကျအသေးစိတ်တွေကို ကပ္ပတိန် ငယ်ငယ်လေးတုန်းက ရေးထားခဲ့တာဗျ ။ ယောကျာ်းမြင်တိုင်း ကြိုက်ပြီး သွေးဆာတတ်တဲ့ သေခြင်းတရား၏ခေါင်းဆောင် အနက်ရောင်မုဆိုးမ ဆိုတာကလည်း ကပ္ပတိန် ဖန်တီးထားတာပဲ” သူတော်စင်သည် ရယ်ကာမောကာဖြင့် ပြောနေသည် ။

“တစ်နေ့ မှာ နန် မိသားစုက အဖောက်ထွင်းခံလိုက်ရ ပြီးတော့ အဲ့ဒီဇာတ်ညွှန်းတွေ ပျောက်သွားခဲ့တယ် ။ အဲ့ဒီကစပြီးတော့ သေခြင်းတရား၏နှင်းဆီ ဇာတ်လမ်းက ပြန့်သွားခဲ့တာပဲ -
လူဆယ်ယောက်ကနေ လူတစ်ယောက်တစ်ရာ၊ အဲ့ဒီကနေပြီးတော့ ဒီနေ့ အထိ သေခြင်းတရား၏နှင်းဆီက တကယ်ရှိနေတယ်လို့  လူတိုင်း ထင်ကုန်ကြတာပဲ…ဟားဟားဟား ရယ်စရာမကောင်းဘူးလား ။ လူတိုင်းက အမှန်ပါလို့  ဖင်ပိတ်ငြင်းနေကြတယ်၊ ဒါပေမယ့်
သူတို့ ကို ဘယ်သူကများ တကယ်မြင်ဖူးကြလို့ လဲ” ပန်းစည်းသည် လက်ဟန်ခြေဟန်ဖြင့် ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြနေသည် ။

သေခြင်းတရား၏နှင်းဆီ ဘယ်လိုဖြစ်လာကြောင်း ကြားလိုက်ရပြီး ရီဝမ်ဝမ် မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now