စာစဉ် ၃၃ ( ၁ - ၆ )

8.6K 987 22
                                    

Book.              :  33
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၃ ၊ အခန်း ၁ ။ အိပ်ရာမထနိုင်ဘူး

စီရီဟန် ပြောလိုက်သည်နှင့် ရီဝမ်ဝမ်သည်
သူ့ လက်မောင်းနှင့် ဖိညှစ်ထားသည့် အီလဲဗင်းအား လွှတ်ချပစ်လိုက်သလို သူမခြေထောက်အောက်က ကိုယ်ရံတော်ကိုလည်း ကန်ထုတ်ပစ် လိုက်လေသည် ။ ဒီနောက် ပြုံးပြုံးဖြီးဖြီးကြီးဖြင့် စီရီဟန်ဆီ ခုန်ပေါက်သွားတော့သည် ။

အနက်ရောင်ကိုယ်ရံတော်အဖွဲ့ သည် မြေကြီးတွင် ခိုင်ခိုင်မြဲရပ်နေကြရင်း သူတို့ ၏သခင်လေးက ထိုမကောင်းဆိုးဝါးမအား ခေါ်ထုတ်သွားပြီကို မြင်နေကြရပြီးနောက်မှ အားလုံး ဟူးခနဲ သက်ပြင်းချမိကုန်ကြသည် ။

ငါတို့ …ရှင်သွားပြီ…

ငါတို့ ကို ကယ်နိုင်ဖို့ အတွက် သခင်လေးက တကယ်ကြီး ကိုယ့်ကိုယ်ကို စွန့် လွှတ်အနစ်နာခံခဲ့ရတာပဲ…

အရမ်း ဟတ်ထိသွားပြီကွာ…

စီရီဟန်သည် ရီဝမ်ဝမ်အား အိပ်ခန်းထဲ ခေါ်သွားပြီးနောက် နောက်ထပ်တစ်ဖန် အိပ်ရာထက် လှဲချလိုက်ပြန်သည် ။

ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင်မူ ရီဝမ်ဝမ်သည် တည်ငြိမ်နေသည် ။ သူမလေးသည် တစ်ညလုံးလုံး အပြေးအလွှား လှုပ်လှုပ်ရှားရှား လုပ်ထားခဲ့သဖြင့် အိပ်ရာပေါ် လှဲချလိုက်သည်နှင့် သိပ်မကြာခင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့သည် ။

သူမလေး၏ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နေပုံလေးကို မြင်နေရသဖြင့်
ဟူးခနဲ သက်ပြင်းချမိကာ စိတ်အေးသွားတော့သည့် စီရီဟန် ပင် ။ သို့ သော်၊ သူ့ ကိုယ်တွင်းက မီးတောက်သည်ကတော့ တမြေ့မြေ့လောင်ကျွမ်းပူမြိုက်နေ ရလေရာ သူ့ ခမျာ တစ်ရေးပင် အိပ်မပျော်နိုင် ဖြစ်နေရ၏ ။

နောက်တစ်နေ့ မနက်၊ ရီဝမ်ဝမ်သည် ခါတိုင်းလိုပင် ကြည်လင်ရွှင်ပျစွာဖြင့် နိုးထလာသည် ။

“အမလေး…နာလိုက်တာ နာလိုက်တာ….”

ချက်ချင်းဆိုသလိုပင် သူမ၏ခန္ဓာကိုယ်အနှံ့ ဆီကနေ ရင်းနှီးကျွမ်းဝင်နေသည့်နာကျင်ကိုက်ခဲမှုတို့ ကို ခံစားလိုက်ရသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now