စာစဥ် ၅၆ (၉-၁၆)

2.7K 463 34
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  56
Chapter.          :  9 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၆၊  အခန်း ၉။ သူမ သေချင်နေတာလား

ရီ၀မ်၀မ်သည်ကား ဣနြေ္ဒရရ ၊ တည်တည်ငြိမ်ငြိမ်ပင် ။

“ဂိုဏ်းချုပ် ပိုင်…အရင်တုန်းက ဂိုဏ်းချုပ် ဖိန့်ဖိန့်တုန် ဂိုဏ်းကနေ ထွက်သွားပြီးတော့ အဆက်အသွယ်တွေ အကုန်လုံးလည်း ဖြတ်သွားခဲ့ရတဲ့ အကြာင်းရင်းက ဂိုဏ်းချုပ် ပိုင် ဘယ်တွေကို သွားနေလို့ပါလဲ ၊ ကိုယ်တိုင် ဖန်တီးထားတဲ့ ဖိန့်ဖိန့်တုန် ဂိုဏ်းကို ဘာလို့ စွန့်ပစ်သွားတာပါလဲ”

သတင်းထောက်က မိုက်ကရိုဖုန်းကြီး တကိုင်ကိုင်ဖြင့် ရီ၀မ်၀မ် ကို မေးနေသည် ။

ရီ၀မ်၀မ်သည် မလှုပ်မယှက်သာ ။ သူမအရှေ့က ထိုသတင်းထောက်ကို ကြည့်လိုက်ပြီး စကားတစ်ခွန်းဆိုလိုက်သည် ။

“ပြောစရာစကား မရှိဘူး”

လွတ်လပ်သောနယ်မြေတွင်လည်း သတင်းထောက်များ ရှိနေမည်ဟု မထင်မိခဲ့ပေ ။ သို့သော် တရုတ်ပြည်၏ အနုပညာလောကထဲက အရှုပ်အထွေးတို့နှင့် ရင်ဆိုင်လာခဲ့ရသည့် အတွေ့အကြုံတို့အရ အခုအခြေအနေမှာ ရီ၀မ်၀မ်အတွက် ကလေးကစားသလောက်သာ ရှိပေသည် ။

“ဒါဆို…လွတ်လပ်သောနယ်မြေနဲ့ ဖိန့်ဖိန့်တုန်ဂိုဏ်းကို ပြန်လာရတဲ့ အကြောင်းရင်းကရော ဘာပါလဲ ။ ဂိုဏ်းချုပ် ပျောက်သွားတာရော ပြန်ပေါ်လာတာရောက တကယ့်ကို ထူးခြားဆန်းကြယ်လွန်းပါတယ် ။ ဂိုဏ်းချုပ် ကျွန်တော်တို့ကို ရှင်းပြပေးနိုင်မလား”

“ပြောစရာစကား မရှိဘူး”
ထူးမခြားနားစွာသာ ရီ၀မ်၀မ် ဖြေလိုက်သည် ။

“များများ စကားပြောလေ များများအမှားပါလေ” ဆိုသည့် စကားကို လက်ကိုင်ပြုထားသည့် ရီ၀မ်၀မ်အဖို့ “ပြောစရာစကား မရှိဘူး” ဆိုသည်ကသာ အကောင်းဆုံးသော အဖြေပင် ။ 

“ဟို…အရင်တုန်းက အဇူရာကို ဝုိင်းခဲ့ကြတဲ့ ဂိုဏ်းတွေထဲမှာ
ဂိုဏ်းချုပ်ရဲ့ ဖိန့်ဖိန့်တုန် ဂိုဏ်းက အကြမ်းဆုံးနဲ့ အားကုန်ထုတ်အသုံးဆုံး လို့ အားလုံး သိထားပါတယ် ။ ဂိုဏ်းချုပ် ပိုင်…ဒီတစ်ခေါက် ဒီကိုလာတာက အရှင်နတ်ဆိုးကို အဲ့ဒီလုပ်ရပ်အတွက် တောင်းပန်ပြီး အခွန်ဆက်မလို့ပါလား” 

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now