စာစဉ် ၂၆ ( ၁၇ - ၂၂ )

9.6K 982 57
                                    

Book.              :   26
Chapter.          :  17 - 22
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၆၊ အခန်း ၁၇။ စသရုပ်ဆောင်ပြီ

ရီမူဖန်၏ပျင်းတိပျင်းတွဲဖြစ်နေပြီး အကြောက်အလန့်မရှိသည့်ပုံကို မြင်လိုက်လျှင် ၊ လျန်မေးရွှမ်း၏နှလုံးသားထဲ ရှုံ့ချမိလိုက်တော့၏။ ဒီသခင်ငယ်လေးက ဒီကနေ ပြေးလွတ်နိုင်မယ်လို့ ထင်နေသေးတာ များလား။

ဒီတစ်ခေါက် အရေးကြီးတဲ့အချက်အလက်တွေကို ခိုးယူတာနဲ့တင်ကို သခင်ကြီးတို့နှစ်ယောက်ကို ဒေါသထွက်အောင် လုံးဝဆွပြီးသွားပြီ ။ ရီမူဖန်တော့ ထောင်ထမင်းထောင်ဟင်း စားရတော့မယ်။
ရီ မိသားစုကတော့ လုံးဝကို ပျက်စီးသွားပြီ ။

ထိုအတွေးတို့ဖြင့် စိတ်ကျေနပ်အားရသည့် အရပ်အယောင်လေးတစ်ခု လျန်မေးရွှမ်း၏မျက်လုံးထဲ ပေါ်ထွက်လာလေသည် ။

ရီရှောင်အန်း၊ စိတ်အလိုမကျသည့်အမူအရာဖြင့် ပြောဆိုလာ၏။
“အားလုံး ဒီရောက်နေကြပြီဆိုမှတော့ စလိုက်ကြတာပေါ့။
မင်းဘာသာမင်းပဲ ၀န်ခံမလား၊ ဒါမှမဟုတ် တရားရုံးမှာ ဖြေရှင်းချင်လား”

ရီဝမ်ဝမ်၊ ရီမူဖန်ရှိရာဘက် ပေါ့ပေါ့ပါးပါးအကြည့်တစ်ချက် ပေးလိုက်လေသည်။

သူ့ညီမလေးထံမှ အရိပ်အမြွက်ပြသည်ကို ရလိုက်သည်နှင့် ၊
ရီမူဖန်၊ ခေါင်းအသာညိတ်လိုက်ပြီး၊ ချက်ချင်းဆိုသလို
သူ၏အမူအရာမှာ ပိုလို့ကလိမ်ကကျစ်ဆန်လာတော့သည် ။

“ကျွန်တော်ကိုယ်တိုင် ၀န်ခံရမယ်..”
ရီမူဖန်၊ အခန်းကို ဝေ့၀ိုက်ကြည့်လိုက်ပြီး
တွေးတွေးဆဆဟန်ပြုလိုက်လျက် ပြောဆိုလာသည်။
“ဘာကို ၀န်ခံရမှာလဲ။ ရီ မိသားစုက တရားမ၀င်တာ
ဘာများလုပ်ခဲ့မိလို့လဲ”

ရီရှောင်အန်းနှင့် လျန်မေးရွှမ်းတို့ ပါးစပ်အဟောင်းသား
ဖြစ်သွားကြရတော့သည် ။
ဒီကလေးက အကြောက်လွန်ပြီး ကြောင်သွားတာများလား။
ရီရှောင်အန်း သူ့ကို ပြောနေတယ်ဆိုတာ အသိသာကြီးကို…

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now