စာစဉ် ၄၀ ( ၁ - ၆ )

6.5K 1.1K 57
                                    

Book.              :   40
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၀၊ အခန်း ၁ ။  တစ်ယောက်ယောက်တော့ သေတော့မယ်

“အိုး မိုင် ဂေါ့…”

ကုန်ရွှီ မျက်ဖြူဆိုက်နေလေပြီ ။

ငါ့ရဲ့မျက်နှာချောချောလေးတော့ သွားပါပြီ ။
သူတို့  အရှက်မရှိလွန်းဘူးလား ။
ပထမဆုံးလက်သီးကတင် ငါ့ရဲ့မျက်နှာတည့်တည့်ကိုလား..။

ထိုအခိုက်အတန့်  ကုန်ရွှီ၏စိတ်ထဲတွင် ကတိတစ်ခု ဖြတ်ပြေးလာသည် ။ သူသည် သူ၏ပန်းလို ချောမောသည့်မျက်နှာလေးကို အလှမပျက်အောင် ထိန်းသိမ်းထားမည်ဟု ပေးခဲ့ဖူးသည့်ကတိ ပင် ။ 
သူ့ မျက်နှာလေးသာ ပျက်စီးသွားခဲ့ပါလျှင် အစ်ကို ရီ သည် သူ့ အား သေချာပေါက် ချစ်တော့မည် မဟုတ်ပေ…

ကျန်းဝေ၏လက်သီးတစ်လုံး ပစ်သွင်းဝင်လာသည့်အချိန်  ကျောက်ကျောက်၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုလေးတစ်ခု ဖြတ်ပြေးလာတော့ပြီး ချစ်စဖွယ်ကောင်းအောင် လှုပ်ရှားလာလေပြီ..

“ကုန်ရွှီ…”

ရီမူဖန် အကျယ်ကြီး လှမ်းအော်သတိပေးလာသည် ။

လျိုချန်း၏မျက်နှာသည်လည်း ချက်ချင်းပျက်ယွင်းသွားသည် ။ လူတိုင်းသည်လည်း ထိတ်လန့် တုန်လှုပ်သွားကြသည် ။

ထိုလက်သီးသာ ထိမိသွားပါက သူတို့  ဇာတ်ကား
ရိုက်လို့ ရတော့မည် မဟုတ်….

သို့ သော် ကျန်းဝေ၏လက်သီးက ကုန်ရွှီဆီ ရောက်လုရောက်ခင် အချိန်… နောက်တစ်စက္ကန့် တွင် အသံကြီးတစ်သံ ၀ုန်းခနဲ ပေါ်ထွက်လာသည် ။

အနှီမိန်းကလေး၏လက်ဖ၀ါးက အရှိန်ပြင်းပြင်းဖြင့် လာနေသည့် ကျန်းဝေ၏လက်သီးအား ရပ်တန့်သွားအောင် တားပစ်လိုက်၏…

ဘယ်လို…ဘယ်လိုဖြစ်သည်နည်း…

ကျန်းဝေ၏ လူမိုက်ဆန်ဆန်အပြုံးကြီးမှာ တောင့်သွားတော့ပြီး
သူ့ လက်သီးသူ ပြန်စူးစမ်းကြည့်လိုက်မိသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now