စာစဉ် ၃၈ ( ၁ - ၈ )

7.8K 1K 41
                                    

Book.              :   38
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၈၊ အခန်း ၁ ။ လူတွေရှေ့မှာ အထုပ်ဖြေမပြသင့်ဘူး

“ဒါက…” ရီမူဖန်သည် ကျဉ်းထဲကျပ်ထဲ ရောက်နေဟန် ပေါ်နေသည် ။
“ဆရာ တန်..ကျွန်တော်တို့  သပ်သပ်ဆွေးနွေးရအောင်ဗျာ.. ရလား”

တန်ကျန်းရှင်းက ရှုံ့ ချလာသည် ။
“ခင်ဗျားက ပြသနာကို ရှောင်တိမ်းဖို့ ကြိုးစားနေမှတော့ ကျွန်တော့်အတွက် တရားမျှတမှုကို ရှာပေးဖို့  ဥက္ကဌ ရီ ကို တောင်းဆိုရလိမ့်မယ်”

ရီဟုန်းဝေသည် အခုနကမှ သူ့ မြေးအပေါ်တွင် အမြင်ပြောင်း လာခဲ့ခြင်းပင် ။
ဤအခြေအနေကို လက်တွေ့ မြင်လိုက်ရချိန်တွင် သူ၏အမူအရာမှာ ဝေခွဲမရနိုင်ဖြစ်လာတော့သည် ။

“မူဖန်…ဘယ်လိုနားလည်မှုလွဲတာလဲ ။
ဘိုးဘိုးတို့ ကို ပွင့်ပွင့်လင်းလင်း ပြော”

အမှန်တကယ်ပင် နားလည်မှုလွဲခြင်းဖြစ်ပါစေဟု
သူ့ အနေဖြင့် ကျိတ်မျှော်လင့်နေမိချေပြီ ။ နားလည်မှုလွဲခြင်းမဟုတ်ပါက မူဖန်၏ လုပ်ရပ်မှားနှင့် ပြသနာကို တိမ်းရှောင်လိုခြင်းသည် အမှန်တကယ်ကို
သူ့ အား ဆွဲချပေလိမ့်မည်ပင်…

ရီမူဖန်သည် အဘိုးအဘွားနှစ်ယောက်အား ကြည့်လိုက်ကာ ဖျောင်းဖျပြောဆိုလာ၏ ။
“ဘိုးဘိုး..ဘွားဘွား…ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို ယုံကြည်ပေးပါ ။ ဒီကိစ္စကို အိမ်ရောက်မှ ရှင်းပြပါ့မယ်.. ကျွန်တော်တို့ တွေ အများရှေ့မှာ ကိုယ့်အထုပ်ကိုယ်
ဖြေပြလို့ မဖြစ်ဘူး ။ လူသိရှင်ကြားဖြစ်လာရင် အရှက်တကွဲဖြစ်ကုန်လိမ့်မယ်”

အဘိုးအဘွားနှစ်ယောက်က ပြန်မပြောခင်
လျန်မေးရွှမ်း ငေါက်ငမ်းကာ ၀င်ပြောလာချေပြီ ။
“လူအများကြီးရှေ့မှာ ကိုယ့်အထုပ်ကိုယ် ဖြေမပြသင့်ဘူး ဆိုတာကိုတော့
မင်း နားလည်သေးတယ်ပေါ့..အဟတ် ။ ဒါဆို ဘာလို့ များ အဲ့လောက် ရွံစရာကောင်းတဲ့လုပ်ရပ်မျိုးကို လုပ်ခဲ့တာလဲ”

“ဒီလိုလုပ်လို့ ရှိရင် မင်းပဲ အရှက်ရရမှာဆိုတာကို မသိဘူးလား ။ ဒီနေရာမှာ ရီ မိသားစု ရှိနေတယ် ။ မင်းအဘိုးနဲ့ အဘွားလည်း ရှိနေတယ်”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now