စာစဉ် ၄၀ ( ၇ - ၁၀ )

6.2K 1K 110
                                    

Book.              :  40
Chapter.          :  7 - 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၀၊ အခန်း ၇ ။  သူ အသိဆုံး မဟုတ်ဘူးလား

နောက်တစ်နေ့ မနက်တွင် ။

ကုန်ရွှီသည် နောက်ထပ်တစ်ဖန် ခေါင်းကြီးပိုင်းတွင် ပါလာပြန်သည် ။

နာမည်ကြီးနေသည့်ခေါင်းကြီးပိုင်းတွင် ဖော်ပြထားသည်မှာ #ကုန်ရွှီ၏ညံ့ဖျင်းလှသည့် သရုပ်ဆောင်မှု#

ဤသည်မှာလည်း ရီဝမ်ဝမ်၏ဇာတ်ကား
ထိုးကျသွားဖို့ ရာအတွက်
ကုန်ရွှီအား ထိုးနှက်သည့်အကွက်ပင် ဖြစ်ပေသည် ။
ထိုထိုးနှက်ချက်သာ အောင်မြင်သွားခဲ့လျှင် သေခြင်းနှင့်ရှင်ခြင်းကြား ဇာတ်ကားသည်လည်း ထိုးကျသွားမည်သာ ။

ရီဝမ်ဝမ်သည် ကုန်ရွှီ၏စိတ်နေစိတ်ထားအစစ်ကို ထုတ်ဖော်ပြသထားခဲ့ချိန်မှစပြီး သူနှင့်ပတ်သက်သည့်ကောလဟလတို့ကို မည်သူကမှ ဆွခြင်း မရှိကြတော့ ။ သို့သော် သူ၏သရုပ်ဆောင်နိုင်စွမ်းအတွက်မူ…အခုချိန်ထိ၊ ရီဝမ်ဝမ်သည်ပင်လျှင် သူ့ အား မကူညီပေးနိုင်ပါချေ…

ဟန်ရှန်းယွီသည် အဆင်းရောအချင်းပါ ပြည့်စုံသည့် အိုင်ဒေါဖြစ်သည် ။ ထို့ အတူ သူနှင့် တစ်ချိန်တည်း ပွဲဦးထွက်ခဲ့သည့် လျိုချန်းသည်လည်း ဒါရိုက်တာ စုန့် ၏ ကြောက်စရာကောင်းသောနဂါး တွင် သရုပ်ဆောင် ထားခဲ့သည် ။ ထို့ အပြင် ကြောက်စရာကောင်းသော နဂါး ၂ တွင် ထပ်ပါခဲ့ပြီး အရည်အချင်းကို ထုတ်ပြထားခဲ့သည် ။

ကုန်ရွှီသည်သာလျှင် အဆင်းသာရှိပြီး အချင်းမရှိသည့် လူ့ ပေါက်ပန်း ဆိုသော ဂုဏ်ပုဒ်ကနေ မလွတ်မြောက်နိုင်ခြင်း ဖြစ်၏ ။

သရုပ်ဆောင်တော်တော်များများသည် ရုပ်ရည်ချောမောမှုသာ ရှိကြပြီး မည်သည့်သရုပ်ဆောင်အရည်အချင်းမှ မရှိကြပါဘူးဆိုလျှင်တောင် ကုန်ရွှီ၏သရုပ်ဆောင်အရည်အချင်းသည်ကား မည်သူကမှပင် လက်လှမ်းမမှီနိုင်လောက်အောင်ထိ ဆိုးဝါးလွန်းလှပေသည် ။ ရိုးရိုးသားသား ၀န်ခံရပါလျှင် သူ၏သရုပ်ဆောင်အရည်အချင်းမှာ ကြည့်လိုက်မိသည်နှင့် ရင်ထဲမှာမှတ်မိသွားလောက်အောင်ထိကို ဆိုးဝါးလွန်းလှပေသည် ။ ဆိုးဝါးလွန်းပုံမှာ သရုပ်ဆောင်လောကထဲကမည်သူကမှပင် သူနှင့် အဆိုးဆုံးနေရာကို ပြိုင်မလုနိုင်လောက်ထိကို အဆိုးတကာ့အဆိုးထိပ်ခေါင် ဖြစ်နေပေသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now