စာစဉ် ၄၉ (၁ - ၁၆)

5.3K 771 90
                                    

Book.              :  49
Chapter.          :  1 - 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၉၊ အခန်း ၁ ။  အရင်သွားနှင့်

ပန်းစည်းက မျက်ခုံးပင့်တက်သွားသည် ။

“အဲ…ဘော့စ် ကျော်ကြားသောက လွတ်လပ်သောနယ်မြေ အကြောင်းကို သိနေတာလား”

အမည်မရှိသောနန်သည်လည်း အံ့သြသွား၏ ။

“အဲ့ဒီအကြောင်းကို တန်တန် ပြောပြတာလား”

ပန်းစည်းနှင့် အမည်မရှိသောနန်၏ စကားတို့ ကို ကြားလိုက်ရလျှင် ရီဝမ်ဝမ်၏ မျက်မှောင်တို့  တွန့် ချိုးလာတော့သည် ။

သူတို့ သည် လွတ်လပ်သောနယ်မြေက ဖြစ်နေလိမ့်မည်ဟု
သူမ အမှန်တကယ်ပင် မထင်မှတ်ထားမိခဲ့ပါချေ…

အမည်မရှိသောနန် တို့ က လွတ်လပ်သောနယ်မြေသားတွေလား ။

ဒါကြောင့် သူတို့ ရဲ့ သိုင်းပညာက အရမ်းကြမ်းလွန်းနေတာကိုး…

လွတ်လပ်သောနယ်မြေက ၀င်ချင်တိုင်း ၀င် ၊ ထွက်ချင်တိုင်း
ထွက်လို့ ရတဲ့ နေရာ မဟုတ်ဘူးလို့  လူကြီးမင်း မူ ပြောဖူးတယ် ။

မြောက်ဥရောပက အဝေးကြီးပဲ ။ အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီးတော့ သာမန်လူတွေ စိတ်တောင် မကူးဖူးတဲ့ နေရာမျိုးတဲ့ ။

ရီဝမ်ဝမ်သည် ထိုသတင်းကြောင့် တွေဝေစဉ်းစားနေမိစဉ်
သူတော်စင်သည် အပြင်ထွက် ဖုန်းပြောပြီး၍
တခနအကြာတွင် သုတ်တီးသုတ်ပြာ ပြန်လာလေသည် ။ 

“ကပ္ပတိန်…သခင်မကြီးက လောနေပြီ ။ လင်းဖန် နဲ့  လင်းယွမ် တို့  အပြင်မှာ စောင့်နေကြပြီ ။ မကြာခင် လေယာဉ်လည်း ရောက်လာ တော့မယ်”

ပန်းစည်းသည် ပျင်းတွဲတွဲဖြင့် ကျောဆန့် လာကာ…

“ဒီစိတ်ညစ်စရာကောင်းတဲ့ မစ်ရှင်က နောက်ဆုံးတော့ ပြီးသွားပြီပဲ ။ အိမ်း…နောက်ဆုံးတော့ နေ့ နဲ့ ည ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ
နေလို့ ရပြီပေါ့ ။ ကြည့်စမ်းပါဦး….င့ါမျက်နှာလေး ဘယ်လောက်တောင် ချောင်ကျသွားလိုက်သလဲ”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now