စာစဉ် ၆၄ (၁-၁၂)

2.4K 366 14
                                    

Book.              :  64
Chapter.          :  1 - 12
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၄၊ အခန်း ၁။ ဘာလို့ ယုံရမှာလဲ

“အိုး .. တောင်းသလောက်လား”
ထိုလူ၏မျက်လုံးတို့မှာ ၀င်းပသွားလေပြီ ။

ကြေးစားကျောင်းတော်ကို ၀င်သူများသည်
ငွေမက်ခြင်းကြောင့် ဟုတ်သလို အောင်မြင်မှုနှင့်
ကျော်ကြားမှုဆိုသည့် အရာကို ရလိုခြင်းကြောင့်လည်း
ဟုတ်၏။ ပိုက်ဆံလိုချင်တာတစ်ခုတည်းကြောင့်တော့ ကြေးစားလုပ်နေကြခြင်း မဟုတ်ကြပေ ။
ကြွယ်ဝခြင်းနတ်ဘုရား ဖြစ်သည့် အကြီးဆုံးသခင်လေး ရှန်း
သည်ပင် မီးလျှံကျောင်းတော်မှာ တက်သွားခဲ့သည်ကို ကြည့်နိုင်၏ ။ ထိုသခင်လေး ရှန်း သည် ပိုက်ဆံလိုချင်လို့ ကြေးစားလာလုပ်ခြင်းဟု ပြောလျှင် လူဟားစရာသာ ဖြစ်ကုန်လိမ့်မည် ။

ထို့အတူ သူ့ အရှေ့မှ ထိုမိန်းမ၏ နောက်ကြောင်းမှာလည်း မရိုးရှင်းနေချေ .. သူမသည်လည်း ပိုက်ဆံလိုချင်လို့ ကျောင်းလာတက်ဟန် မတူပါချေ ။

“ကောင်းပြီလေ .. ဒါဆိုရင်တော့လဲ ဆွေးနွေးကြတာပေါ့ ။ မင်းရဲ့မစ်ရှင်အဆင့်ကို အရင်ပြော ။ မစ်ရှင်က မြင့်လွန်းနေရင် ငါတစ်ယောက်ထဲ မနိုင်ဘူး ၊ လူထပ်ခေါ်ရဦးမှာ”
ထိုယောကျာ်းမှာ ခပ်တည်တည်ခပ်တန်းတန်း မနေတော့ဘဲ အပြုံးရေးရေးလေး ပြုံးလာလေပြီ ။

“S- အဆင့်” ရီဝမ်ဝမ် ပြန်ဖြေလိုက်၏ ။

“S- အဆင့်…”
ထိုလူမှာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏ ။

S- အဆင့် မစ်ရှင်တို့သည် တစ်ခုဆိုလျှင် တစ်ခု ခက်ခဲလွန်းလှသည်သာ …

“အင်း … အရင်ဆုံး အသေးစိတ်ကို အရင်ပြောပြ ။
S- အဆင့် မစ်ရှင် ဆိုတာနဲ့တော့ ဘာမှန်းသေချာမသိရ
သေးဘဲနဲ့ ငါ ဆုံးဖြတ်လို့ မရသေးဘူး”
ထိုလူက ပြောလာသည် ။

“စိုးရိမ်ခြင်းကင်းသောနန် ရဲ့ ခေါင်းကို လိုချင်တယ်”
ရီဝမ်ဝမ်သည် အပြုံးကြီးပြုံးကာ ထိုလူကို စိုက်ကြည့်ပြီး ပြောလိုက်သည်တွင် ထိုလူ အံ့သြသွား၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now