စာစဉ် ၃၅ ( ၁၉ - ၂၅ )

7.9K 1.1K 300
                                    

Book.              :  35
Chapter.          :  19 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၅၊ အခန်း ၁၉ ။  ချက်ချင်း သွားထုတ်ကြ

စီမင်းလိက ကြမ်းပေါ်တွင် ဒူးထောက်၍နေဆဲ ဖြစ်သည် ။
သူ့ မျက်နှာသည် တောင့်တင်းသွားပြီး တွန့် ချိတ်သွားလျက် ပြောလာသည် ။
“ဒေါက်တာ…ဒေါက်တာက မင်း နိုးလာပြီလို့ ပြောတော့ အရမ်းစိတ်လှုပ်ရှား သွားမိတာ - အရမ်းစိတ်လှုပ်ရှားသွား မိတာပါ”

ထို့ နောက် မတ်တပ်ထရပ်လိုက်ပြီး ဘာမှမဖြစ်ပျက်ထားသလို ဟန်ဆောင်နေလိုက်သည် ။

သောက်ကျိုးနဲ…။ စီရီဟန်က လုံးဝအကောင်းကြီး ရှိနေရုံတင်မဟုတ်ဘူး။ သူ့ ကျန်းမာရေးကပါ စပြီးတော့ ပြန်ကောင်းလာနေပြီ ။ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ။

“ဒေါက်တာ လျို…သခင်ကြီးက တကယ်ဘာမှ မဖြစ်တော့ပါဘူးနော်”
စီမင်းလိ ထပ်ကွန့် မေးလိုက်ခြင်းပင် ။

ဆရာဝန်ကြီးသည် ထိုစကားကို ကြားလိုက်သည့်အချိန် အရှက်ရသွားပြီး ပြောလာသည် ။
“တောင်းပန်ပါတယ်…ကျွန်တော် အစောနက သေသေချာချာမစစ်ဆေးမိဘဲ အခြေအနေကို သုံးသပ်တာ မှားသွားတယ် ။ ဒေါက်တာ စုန့် က ပိုအတွေ့ အကြုံ ကြွယ်တဲ့သူဆိုတော့ သခင်ကြီး စီ အသက်အန္ကရာယ်ကနေ တကယ်လွတ်သွားပါပြီ…”

ဤအခိုက်အတန့် တွင် တုံတုံချိချိပုံရိပ်တစ်ခုသည်
အစေခံတစ်ယောက်နှင့် အတူ လျှောက်လာနေသည် ။
“ဒေါက်တာ လျို…အခုနက ပြောလိုက်တာ အမှန်တွေလား”

ဆရာဝန် လျို သည် အဘွားအို ၀င်လာသည်ကို မြင်လိုက်ပြီး
အမြန်အဆန် ပြန်ဖြေလာသည် ။
“အဘွား…ဒေါက်တာ စုန့် နဲ့ ကျွန်တော် အတူတူစစ်ဆေး ခဲ့ပြီးတော့ အတည်ပြုထားကြတာပါ - မမှားပါဘူး”

စုန့် ပိုင်ချောင်သည် အဘွားအိုအား ကြည့်လာပြီး နှစ်သိမ့်ပေးလာသည် ။
“အဘွား…စိတ်ကို ငြိမ်ငြိမ်ထားပါ ။ မိန်းကလေး ၀မ်ဝမ် ရဲ့ ကုသပေးတဲ့ နည်းလမ်းတွေက အရမ်းကိုအကျိုးရှိတယ် ဆိုတာကို အခုသက်သေပြလိုက်ပါပြီ ။ မိန်းကလေးကသာ ဆက်ပြီးဒီတိုင်း ဂရုစိုက်ပေးနေမယ်ဆိုရင် သခင်လေး ၉ ရဲ့ အရင်ဖြစ်ထားခဲ့တဲ့ဒဏ်တွေက လုံးဝသက်သာပျောက်ကင်း သွားဖို့  ၅၀ ရာခိုင်နှုန်းရှိနေပါတယ်”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now