စာစဉ် ၅၉ (၁ - ၈)

3.8K 525 61
                                    

Book.              :  59
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၉၊ အခန်း ၁။ သ၀န်တိုပြီ 

အမှန်တော့ အစ်မ ဖန်း ၏ စိတ်ရှိသလို ပြုမူတတ်သည့် စရိုက်အရ အရှင် နတ်ဆိုးအပေါ် ကြွေကျသွားဖို့မှာ တော်တော်လေး လွယ်ကူသည်ဟု ခုနစ်စင်ကြယ် နှင့် ကြယ် ခုနစ် နှစ်ယောက်စလုံး တွေးမိခဲ့ကြခြင်းပင် ။

သို့သော်လည်း .. အရှင် နတ်ဆိုး ကို အစ်မ ဖန်း အား ချစ်ကျွမ်းဝင်သွားစေပြီး အစ်မ ဖန်း နှင့် ဟိုဒင်းလုပ်စေဖို့ ဆိုသည်ကတော့ … အိပ်မက်မက်နေတာသာ ဖြစ်ရမည် ။

အရှင် နတ်ဆိုးက ဒေါသတကြီးဖြင့် သူတို့၏ ဖိန့်ဖိန့်တုန် ဂိုဏ်းအား မဖျက်ဆီးပစ်လျှင်ပင် တော်ကာကျနေလေပြီ ။

အရှင် နတ်ဆိုး၏ အလွန်အကျူး မည်းပုတ်နေပြီ ဖြစ်သည့် မျက်နှာကြီးကို မြင်လိုက်ကြသည့် ခုနစ်စင်ကြယ် ၊ ကြယ်ခုနစ် နှင့် ဆောင်းဦးရေတို့အားလုံး ဖြူရော်ကုန်ကြ၏ ။

အား .. သူကတော့လေ အဆိပ်ကို ဘယ်သူ့ လွှဲပေးပေး ရရဲ့သားနဲ့ .. ဘာလို့ အရှင် နတ်ဆိုး ကိုမှလဲ ။

စီရီဟန်သည်မူကား ရီဝမ်ဝမ် ပြောသွားသည့်
“ကြိုက်တဲ့သူ ရှိပြီးသား” ဆိုတာကို ကြားလိုက်ကတည်းက သူ့ နှလုံးအိမ်မှာ အဆုံးမရှိအောင် ခဲနေသော ရေခဲကန်ကြီးထဲ ရောက်သွားသယောင်ယောင် … ရိုးတွင်းခြင်ဆီထိတိုင်အောင် အေးခဲလွန်းသော ရေကြီးထဲ ပြုတ်ကျသွားပြီး အအေးဓာတ်ကြောင့် တစ်ကိုယ်လုံးပင် ထုံကျင်နေသယောင်ယောင် ။

ထို့နောက်တွင် ဂျိ ဘုရင် ၏ နားလည်မှုရှိစွာ သဘောတူကြောင်း ပြောလာသည့် စကားကလည်း ပါသေးသည် ..

ကြောက်စရာကောင်းလှသော ..
ချောက်ချားဖွယ်ရာ ဖိအားတို့ ..
တစ်ကိုယ်လုံးကို ရစ်တ်လွှမ်းခြုံလာတော့ကာ ၊
လူတိုင်း၏ရင်ထဲ အကြောက်တရားတို့ ရစ်သိုင်းလာတော့ပြီး ကျန်းယန်သည်ပင် တဆတ်ဆတ် တုန်ရီလာမိသည်တည့် ။

သွားပြီ ၊ ငါတို့တော့ သွားပြီ ။

ဒီတစ်ခေါက်တော့ တကယ်ကြီး သွားပြီ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now