စာစဉ် ၃၇ ( ၁၃ - ၁၈ )

6.6K 994 86
                                    

Book.              :   37
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၇၊ အခန်း ၁၃ ။ ဘယ်ဟာကို အရင်နားထောင်ချင်လဲ

ရီဝမ်ဝမ် အလွန်အမင်းအလုပ်ရှုပ်နေသဖြင့်
ညဥ့်နက်မှ အိပ်ပျော်သွား၏။ နောက်တစ်နေ့ မနက်တွင် ရီမူဖန်၏ဖုန်းဝင်လာသဖြင့် အိပ်ရာနိုးလာ သည် ။

“ဟယ်လို..ကိုကို…”

ရီဝမ်ဝမ် အိပ်ချင်မှုန်ဖွားဖြင့် ဖုန်းဖြေလိုက်သည် ။

ရီမူဖန်က အလောတကြီးပြောလာသည် ။
“သတင်းကောင်းနဲ့  သတင်းဆိုးရှိတယ် - ဘယ်ဟာ အရင်နားထောင်ချင်လဲ”

ရီဝမ်ဝမ် ။  “ဘယ်ဟာဖြစ်ဖြစ်”

ရီမူဖန် ။  “သတင်းကောင်းက မင်း သင်ပေးထားတဲ့အတိုင်း ဇာတ်ကြောင်းတွေကို မပြောင်းဘဲ အစကနေ အဆုံးအထိ အကုန်လုံးကို မူရင်းထဲကအတိုင်းပဲ ရိုက်သွားမယ်လို့  ရွှီလင်းကို ပြောထားတယ် ။
ပြီးတော့ ငါတို့ ကုမ္ပဏီကို လာခိုင်းပြီးတော့ ကုန်ရွှီ နဲ့  လျိုချန်း နဲ့ ကိုပါ မိတ်ဆက်ပေးထားတယ်”

“ဒီရက်ပိုင်းမှာ ကုန်ရွှီနဲ့ လျိုချန်းလည်းပဲ ကြိုးကြိုးစားစားနဲ့  ကောင်းကောင်းလုပ်တယ် ။ အခု ရွှီလင်းက သူ့ ဇာတ်လမ်းကို ငါတို့ ကို ရိုက်ခွင့်ပေးလိုက်ပြီ”

“ကောင်းတာပေါ့” ရီဝမ်ဝမ် စိတ်အေးသွားချေပြီ ။

ဤဇာတ်ညွှန်းသည် ရွှီလင်း၏သွေး၊ ချွေး၊ မျက်ရည်တို့ ဖြင့် ရင်းပြီး ရလာသည့်ဇာတ်ညွှန်းဖြစ်သည့်အပြင်
ရွှီလင်းက ထိုဇာတ်လမ်းအပေါ် မျှော်လင့်ချက်မြင့်မြင့်မားမားထားထားခြင်းဖြစ်သည် ။
ထို့ ကြောင့်ပင် သူမသည် ကုန်ရွှီနှင့် လျိုချန်းကို အရင်ဆုံးဇာတ်ညွှန်းကို လေ့လာထား ခိုင်းခဲ့ခြင်း ဖြစ်သည် ။ သူတို့ ဇာတ်ညွှန်းတစ်ပုဒ်လုံးကို နောကြေအောင် နားလည်သဘောပေါက်သွားပြီးပြီဆိုမှ ရွှီလင်းနဲ့  အစည်းအဝေးထိုင်ကာ ဆွေးနွေးခိုင်းခဲ့ခြင်းဖြစ်၏ ။

ရွှီလင်း၏စရိုက်သဘာဝသည် ဒီလောကနှင့် သိပ်မကိုက်ပါချေ - သူသည် အလွန်အမင်း အလုပ်ကိုဦးစားပေးပြီး စံပြနမူနာကောင်း ဖြစ်လွန်းချေသည် ။ သူ့ အတွက်တော့ အနုပညာသည် အရာရာပင် ဖြစ်၏ ။ အင်ပါယာစကိုင်း တွင် အလုပ်လုပ်နေချိန်တွင် သူ့ အနေဖြင့် ဇာတ်ညွှန်းမူပိုင်ခွင့်ကို အပြည့်အ၀မရနိုင်ခဲ့ရုံသာမက အမြဲတစေ တည်းဖြတ်ခံရသည့်အထဲ ရောက်သွားပြီး တစ်ထပ်တူတည်း ဘယ်တော့မှ မရှိခဲ့ပေ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now