စာစဉ် ၄၁ (၁၁-၁၈)

6.3K 1K 68
                                    

Book.              :  41
Chapter.          :  11 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၁၊ အခန်း ၁၁ ။  ပိုပြီးသတိကြီးကြီးထားဖို့  လိုပြီ

ရီဝမ်ဝမ်၏လိပ်ကို ဂျပိုးဖြစ်အောင်လှည့်ပတ်ပြောတတ်သည့် စကား သည်… သေခြင်းတရားပေါ်က ပါးပါးလေးယှက်ပြေးသွားသလိုပင် ။

သူမလေး စကားပြောချောသွား၍ တော်ပေသည် ။ စီရီဟန်သည် သူမလေး ပြောလိုက်သည့်စကားအား လက်ခံလိုက်ပြီး နောက်ထပ်မေးခွန်းထုတ်လာခြင်း မပြုတော့ပေ…

တကယ့်ကို ကံသီလှပေသည်တကား…

စီရီဟန်သည် အိုင်ကျူ အရမ်းမြင့်ပြီး အီးကျူအရမ်းနိမ့်နေသည့် တိုင်အောင် သူမခမျာ ထောင်ချောက်ထဲ မိလုနီးနီးဖြစ်သွားခဲ့ရလေသည် ။

နောက်တစ်ကြိမ်စကားပြောလျှင် ဒီထက်ပိုကြီးကြီး သတိထားဖို့ရာ
ရီဝမ်ဝမ် သူမကိုယ်သူမ တိတ်တိတ်လေးကျိတ်ဆုံးမနေမိ၏ ။

အင်ပါရီယာမြို့ တော်က စန္ဒကူးဟော်တယ် ။

စန္ဒကူးဟော်တယ်သည် ပါ့ဆန်လမ်း၏အရှေ့ယွန်းယွန်းတွင် ရှိနေသည့် တရုတ်ဆန်ဆန် ကြယ်ခြောက်ပွင့်ဇိမ်ခံဟော်တယ်ကြီး ဖြစ်ပေသည် ။ ဤဟော်တယ်သည် သြဇာတောင့်သည့်မိသားစုများ၊ နာမည်ကြီးသည့် မိသားစုကြီးများကနေ အစိုးရအရာရှိအကြီးအကဲများပါ မကြာခန ဆိုသလို ပွဲတော်လာကျင်းပလေ့ရှိသည့် နေရာကြီးလည်း မမှားပါပေ ။

မူဆွေ့ ဖန် အား ကြိုဆိုပွဲကျင်းပဖို့ ရာအတွက် စီ မိသားစု သည် အိမ်ရှင်အဖြစ် ဦးစီးကာ သီးသန့် ပွဲလေးတစ်ခု ကျင်းပစီစဉ်ပေးခြင်း ဖြစ်သည်။

ယနေ့ ညတွင် ချင်းရူရှီသည် Grace မှ အကန့် အသတ်နှင့် ထုတ်သည့် ခရမ်းဖျော့ရောင် ဂါဝန်ရှည်ကြီးကို ၀တ်ဆင်ထားပြီး ကျက်သရေရှိကာ ခန့် ထည်လှသည် ။
သူမသည် ပွဲကိုရောက်လာကြသည့် ဧည့်သည်တော်များနှင့် ကျွမ်းကျင်ကျင်လည်စွာ စကားစမြည်ပြောဆိုနေသည် ။

ဖန်ချင်းယွီသည် အနည်းငယ်ချစ်စရာကောင်းပြီး ညှို့ ယူနိုင်စွမ်းရှိသည့် လက်တစ်လုံးကြိုးနှင့် ဂါဝန်ကို ၀တ်ဆင်ထားပြီး ချင်းရူရှီဆီသို့  လျှောက်လာကာ တရင်းတနှီးလက်ကို တွဲလိုက်၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now