စာစဥ် ၅၇ (၁-၈)

3.1K 464 53
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  57
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၇၊ အခန်း ၁။ ရုပ်ချောတိုင်း မတော်ဘူး

အနှီမိန်းကလေး၏ ဖြားယောင်းနေသော ၊ မထေ့တထေ့သော အပြုံးပွင့်လေးသည် သူ့ရင်ထဲတွင် ကာရံထားသော မြို့တံတိုင်းကြီးကို အချိန်မရွေး ပြိုကျသွားစေနိုင်သည့် ဗုံးတစ်ခုတစ်သွင် ။ သူ့ကို အချိန်မရွေး လက်နက်ချ အရှုံးပေးသွားစေနိုင်၏ ။

စီရီဟန်၏နှလုံးသားထဲ တင်းကြမ်းစို့နစ်လာရလေပြီ ။ သူမလေးကို
ပွေ့ဖက်ပစ်လိုသည့် ၊ အမြတ်တနိုး နမ်းရှိုက်ပစ်လိုသည့် စိတ်ဆန္ဒတို့ကို ချွန်းအုပ်ထားနိုင်ပါတော့မလား သူပင် သေချာမသိတော့ ။

ထိုအချိန်တခနလေးမှာ ရာစုနှစ်ပေါင်း မြောက်မြားစွာပင် ကြာသွားသည်ဟု ခံစားနေရ၏ ။

“ဒါဆိုရင်…” ရီ၀မ်၀မ် မေးလိုက်သည် ။

စီရီဟန်၏အကြည့်တို့မှာ အေးစက်နေလျက် ၊ တည်ငြိမ်နေလျက် ။ သူမလေးကို ရှုတည်တည်သာ ကြည့်လိုက်ပြီး…
“ဒီလိုအစားပေးတာမျိုးကို ကျွန်တော် ဘယ်တုန်းကမှ မလုပ်ဘူး”

ထိုစကားကို ကြားလိုက်သည့် ရီ၀မ်၀မ်ခမျာ သုံးစက္ကန့်လောက် မင်သက်သွားမိပြီး အတိုင်းထက်အလွန်ကို မယုံနိုင်အောင် ဖြစ်မိသွားရ၏ ။

ဘု ရား ရေ ။

ငါက ခန္ဓာကိုယ်နဲ့ ဆပ်ပါ့မယ်လို့ ပြောနေတာတောင်မှ ဒီလူကြီး…ပြောပုံဆိုပုံက သူပဲ နစ်နာသလိုလို ။

တကယ်လို့…ရှင် ရုပ်ချောတယ်ဆိုရင်တောင်မှ…ကျွန်မကလည်း ရုပ်မဆိုးပါဘူးနော်…

“ရှင်…”

ရီ၀မ်၀မ်၏မျက်၀န်းတို့ ဝိုင်းစက်လာသည် ။
ဒေါသထောင်းခနဲ ထွက်သွားသည်မှာ “ရှင်” ဆိုသည့် စကားကလွဲပြီး ဘာမှ ထပ်မပြော နိုင်သည်အထိ ။

သူမလေးသည် အံကို ကြိတ်လိုက်ကာ ကိုယ်ကို ပြန်မတ်ပစ်လိုက်ပြီး…
“ဟုတ်တာပေါ့ ။ ရှင့်ရဲ့ ပြိုင်ဘက်ကင်းအလှမျိုးနဲ့ဆို… အရှင်နတ်ဆိုး… ဆူးပေါ်ပဲ ဖတ်ပေါက်ပေါက် ၊ ဖတ်ပေါ်ပဲ ဆူးပေါက်ပေါက် ၊ ဖတ် ဖြစ်တဲ့ ကျွန်မကပဲ အမြတ်ရမှာ သေချာတယ်…”

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now