စာစဉ် ၄၅ (၁၉-၂၅)

6K 827 42
                                    

Book.              :  45
Chapter.          :  19 - 25
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၅၊ အခန်း ၁၉ ။  အိမ်ပြန်ကြမယ်

စီရီဟန်က ရီဝမ်ဝမ်၏ခေါင်းလေးကို ခပ်ဖွဖွလေး ပုတ်ပေးလာကာ… “အိမ်ပြန်ကြမယ်”

ရီဝမ်ဝမ်မျက်ဝန်းတို့ ကား အရောင်တလက်လက် ။

“ရှင့်အိမ်လား”

စီရီဟန်၏မည်းနက်နေသည့်မျက်ဝန်းတို့ မှာ ပိုလို့ပင် မည်းနက်လာလေပြီ ။
သူမလေးအား တယုတယနမ်းရှိုက်လိုက်တော့ပြီး…

“ကိုယ်တို့ အိမ်”

ရီဝမ်ဝမ် ဘာမှ ထပ်မပြောလာတော့ ။ သူမလေးဘာသာပင် ၀မ်းသာအားရ ထိုကားပေါ်သို့  တက်သွားလေပြီ…

အဝေးကတစ်နေရာတွင် နောက်ဆုံးမှ အသိပြန်ကပ်သွားတော့သည့် ရီမူဖန်သည် ထိုအနက်ရောင်ကားထဲကို ရီဝမ်ဝမ် တက်တော့မည်ကို
တွေ့ လိုက်သည့်အခိုက်…

“လခွမ်း ! ခွေးမလေး ! အခုချက်ချင်း အဲ့ဒီကနေ ပြန်ဆင်းခဲ့စမ်း ! ဘယ်လိုလုပ်ပြီး တွေ့ ကရာလူနောက် လိုက်သွားရတာလဲ ?!”

ရီမူဖန်က ကျိတ်ဆဲလိုက်ပြီး အပြေးထွက်သွားတော့လေပြီ ။

ကားနားအရောက်တွင် ရီဝမ်ဝမ်သည် ခေါင်းလေးစောင်းငဲ့ကာ
သူ့ ကို ကြည့်လာသည် ။

“ရှင်က ဘယ်သူလဲ”

ရီမူဖန် ဒေါသထွက်လွန်း၍ အသက်ထွက်မတတ် ဖြစ်သွား၏ ။

“ချီးပဲ ! ငါက မင်းရဲ့အစ်ကိုကွ !”

“ကျွန်မ ရှင့်ကို မသိဘူး”

ရီဝမ်ဝမ်သည် ပြောလိုက်ရင်း ချာကနဲလှည့်ကာ ကားထဲသို့  ၀င်သွားတော့သည် ။

လေထုကြီးတစ်ခုလုံး အေးစက်သွား၏ ။

ရီမူဖန် ။  “…”

သောက်ကောင်မလေး ! သူမ…သူမ…ငါ့ကို မသိဘူးလို့  ပြောတယ် !

အခုတော့ ရည်းစားရှိနေပြီဆိုတာနဲ့  သူမရဲ့ဒီအစ်ကိုကို ဟိုးအဝေးကို လွှင့်ပစ်လိုက်တော့ပြီပေါ့လေ…ဟုတ်လား ?!

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now