စာစဥ် ၅၅ (၁-၈)

3.4K 480 9
                                    

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  55
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၅၅၊ အခန်း ၁။  ကပ်ချွဲနေတဲ့ သားရဲကြီး

ထိုအနက်ရောင်နှင့်ယောကျာ်းများမှာ ရိရွှေ့ဟန် အရှေ့တွင်မူ တုတ်တုတ်ပင် မလှုပ်နိုင်ကြ ။

“ဘယ်တော့ တံခါးလာတပ်ပေးမှာလဲ”
ချီးထုပ်က ဆိုဖာပေါ် ထိုင်ချလိုက်ပြီး ရီ၀မ်၀မ်ကို မေးလိုက်သည် ။

“မနက်ဖြန်” ရီ၀မ်၀မ် လွှတ်ခနဲ ပြန်ဖြေလိုက်မိ၏ ။

ချီးထုပ်က ခေါင်းညိတ်လာသည် ။

“ပိုက်ဆံက အရေးမကြီးဘူး ။ တံခါးကောင်းကောင်းလေးသာ တပ်ပေး ။ ငါ့ကို ဘယ်သူမှ လာမရှုပ်တော့ရင် ပြီးရော ”

ရီ၀မ်၀မ်၏နှုတ်ခမ်းတို့ တွန့်ကွေးသွား၏ ။

ခုနစ်စင်ကြယ် ဒီနေ့ တံခါးလာတပ်မသွားလို့ တော်သေးတယ် ။
မဟုတ်ရင် ငါတော့ အသေဆိုးနဲ့ သေနေလောက်ပြီ ။

ရီ၀မ်၀မ် ဆက်တွေးလိုက်မိ၏ ။

ခုနစ်စင်ကြယ် တံခါးလာတပ်တဲ့အခါကျရင် သော့အပိုတစ်ချောင်းပါ လုပ်ခိုင်းထားရမယ် ။

“မင်း မသွားသေးဘူးဆိုတော့…ဘာလဲ…အတူ အိပ်ချင်လို့လား”
ချီးထုပ်က ဆိုဖာပေါ် လှဲချလိုက်ရင်း ရီ၀မ်၀မ်ကို ကြည့်လာသည် ။

“သွားတော့မယ်နော်…သူရဲကောင်း ရိ”

ရီ၀မ်၀မ် လှည့်ထွက်သွားလိုက်သည် ။

ရိရွှေ့ဟန်၏ စံအိမ်ကနေ ပြန်လာသည့်နောက်တွင် ရီ၀မ်၀မ်သည် ထိုကံမကောင်းသည့်အိမ်ကြီးဆီ ပြန်မသွားနေတော့ဘဲ ရုံးခန်းဆီသို့သာ တစ်ခါတည်း တန်းသွားလိုက်တော့သည် ။ ထို့နောက် ဗိုင်းရပ်စ်နှင့် ဖြူကောင်ကြီးကို သူမအိမ်သို့ အတင်းခေါ်လာလိုက်တော့သည် ။

ဘော်ဒီဂတ်ကြီးနှစ်ကောင်ကို ခေါ်ထားရခြင်းမှာ သူမအဖို့ အတော်လေး စိတ်လုံခြုံစေ၏ ။

စံအိမ်ကြီးထဲတွင်မူ ဗိုင်းရပ်စ်သည် နေရာသစ်ကို ရလိုက်ရသည့်နှယ် ။ ဧည့်ခန်းထဲ ပြေးလွှားခုန်ပေါက်နေရင်း မောပန်းလာဟန်ပင် တူလာ၏ ။

ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ၄) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now