စာစဉ် ၃၉ ( ၁ - ၈ )

6.9K 1K 159
                                    

Book.              :   39
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၉၊ အခန်း ၁ ။ နောက်နေတာလား

ဘေးနားတွင် ရှိနေသည့် ရွှီရီမှာ အလွန်အမင်း
ထိတ်လန့် နေလေပြီ ။

နားလည်မှုလွဲခြင်းမျှသာ ဖြစ်ရမည်ဟု သူ ယုံကြည်ထားခဲ့၏ ။ သို့ သော် အခုချိန်တွင် သခင်မလေး ၀မ်ဝမ်၏ အပြုအမူတို့ မှာ မူမမှန်သောကြောင့် သူ့ ရင်ထဲ တဒိန်းဒိန်းခုန်နေရလေပြီ ။

ဒါ တကယ်ကြီး မဟုတ်လောက်ပါဘူးနော် ။

စီရီဟန် ။  “ဟုတ်လား”

စီရီဟန်၏အကြည့်သည် အေးသထက်အေးစက်လာပြီး
သူ့ ဖုန်းကို ရီဝမ်ဝမ်ဘက် ထိုးပြလာချေပြီ ။

ရီဝမ်ဝမ်သည် စီရီဟန်၏ဖုန်းအား တစ်ချက်ကြည့်လိုက်ချိန် 
မျက်လုံးတို့  ပြူးထွက်သွား၏ ။

“အာ…ဒီစာက…ကျွန်မ ပို့ တာ မဟုတ်ဘူး”

စီရီဟန် ။  “သေချာပေါက်ကို…မင်း ပို့ တာ မဟုတ်ဘူးပေါ့…”

ရီဝမ်ဝမ်၏စိတ်တို့  ယောက်ယက်ခတ်လာသည် ။
အခြေအနေကို မြန်မြန်ဆန်ဆန် သုံးသပ်ကြည့်လိုက်ပြီးနောက် တစ်ခုခုကို နားလည်သွားဟန်တူသည် ။ တစ်ယောက်ယောက်က သူမဖုန်းကို ယူပြီးတော့ စီရီဟန်ဆီကို စာပို့ ထားခြင်း ။

ပို့ ထားသည့်အချိန်ကို သူမ တစ်ချက်ကြည့်လိုက်၏ ။

ဒါ…ငါ ဒီမနက် အိမ်ကနေ ထွက်လာတဲ့အချိန် မဟုတ်ဘူးလား ။

ငါ့ဖုန်းကို ယူကိုင်နိုင်တဲ့သူက…တန်တန်..လား ။

သောက်ကျိုးနဲ…

ရီဝမ်ဝမ် ရှင်းပြဖို့ ကြိုးစားလိုက်သည် ။
“ဟိုလေ…အားကျို…အဲ့ဒါက ဒီလိုပါ ။ မနေ့ ညက…
မနေ့ ညက.. ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး…”

ငါ ၀န်ခံမိသွားပြီဟ…

သေစမ်း…

ဒီစကားကြီးကို ဘယ်လိုပုံစံကြီး ပြောပြနေရတာလဲ ။

ဘေးနားတွင် နားထောင်နေပါသည့် ရွှီရီ ခမျာ တိတ်တိတ်ငြိမ်
မနေနိုင်တော့သလို ဘာမှလည်း လုပ်မပေးနိုင် ဖြစ်နေ၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now