စာစဉ် ၄၇ (၁-၁၀)

5.4K 834 51
                                    

Book.              :  47
Chapter.          :  1 - 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၇၊ အခန်း ၁။  အခွင့်အရေးကို ပြန်မရနိုင်တော့ဘူး

ထိုလက်ထောက်လေးသည် နောက်နေသည့်ဟန် မပေါ်သောကြောင့် ဟူချုံးလျန်မှာ မျက်နှာပျက်ယွင်းလာတော့ပြီး ဖုန်းကို ဇွက်ခနဲ ဆွဲယူလိုက်တော့သည် ။

လိုက်ဖ်ပေါ်တွင်မူ အစီအစဉ်တင်ဆက်သူသည် ကုန်ရွှီနှင့်လျိုချန်းကို စင်ပေါ်သို့  ဆုတက်ယူဖို့ ရာအတွက် ဖိတ်ခေါ်နေသည့်အချိန် ဖြစ်၏…

ဒီနေ့ တွင် လျိုချန်းနှင့်ကုန်ရွှီသည် ဖန်သားပြင်ထက်တွင်ပင် အလွန်အမင်း ခန့် ထည်ကာ သြဇာရှိန်ဝါ ခညောင်းလွန်းလျက်ရှိ၏ ။ သူတို့နှစ်ယောက်သည် ရောင်ဝါထိန်လင်းနေသည့်မီးရောင်အောက်တွင် မတ်တပ်ရပ်နေကြပြီး ကိုယ်စီ ဆုလက်ခံယူကာ စကားအသီးသီး ခြွေနေ ကြသည်…

သူတို့  တကယ်ကြီး အကောင်းဆုံးသရုပ်ဆောင်ဆု ရသွားတာလား ။

နှစ်ယောက်စလုံး အတူတူ ရသွားကြတာလား ။

ဟူချုံးလျန်က အံ့သြဘနန်းဖြစ်စွာဖြင့် မေးလေသည် ။

“ရွှေသစ်ခွဆုက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်နှစ်ယောက် ရနိုင်လို့လား”

လက်ထောက်လေးက ရင်ဖိုစွာဖြင့် ပြောဆိုလာသည် ။

“ဒါ အရင်တုန်းက တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး ။ ရွှေသစ်ခွရာဇ၀င်မှာ ဒါက ပထမဦးဆုံးအကြိမ်ပါပဲ ။ အင်တာနက်သုံးသူတွေ လုံးဝကို အံ့သြနေကြ တယ် ။ အထူးသဖြင့် ကုန်ရွှီနဲ့  ပတ်သက်ပြီးတော့ပါ ။ ကုန်ရွှီက အကောင်းဆုံးသရုပ်ဆောင်ဆုကို ရဖို့ နေနေသာသာ ဒီလောကထဲမှာ လုံးဝကို အရည်အချင်းမရှိဆုံးသရုပ်ဆောင်တစ်ယောက်လို့  ပြောလို့ ရတယ် ။ သူ ဆုရလို့  သူ့ ရဲ့ အကောင်းဆုံးသရုပ်ဆောင်ဆု မရရင် ချီးစားပြမယ်လို့  ပြောထားတဲ့ Weibo ပို့ စ်က လည်း လုံးဝကို နာမည်ကြီးနေတယ်ဗျ”

ဖုန်းစခရင်မ်ကို စိုက်ကြည့်နေသည့် ဟူချုံးလျန်ခမျာ မျက်လုံးနှစ်လုံး ပြုတ်ထွက်ကျလာတော့မလား အောက်မေ့ရ၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now