စာစဉ် ၃၁ ( ၂၅ - ၂၈ )

7.5K 939 33
                                    

Book.              :  31
Chapter.          :  25 - 28
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၁၊ အခန်း ၂၅။ မင်း ငါ့ကို ရိုက်တာလား

“အဘိုးကြီး…ငါက သေခြင်းတရား၏နှင်းဆီ အဖွဲ့ သားပဲ ။
မင်းတို့ကောင်တွေ သေခြင်းတရား၏နှင်းဆီကို ကြားဖူးကြရဲ့လား” အမည်မရှိသောနန်က မြောက်ကြွမြောက်ကြွ ပြောလိုက်သည် ။

အမည်မရှိသောနန်၏ လက်လွတ်ကိုယ်လွတ် မြောက်ကြွကြွလုပ်နေပုံကို မြင်လိုက်ရလျှင် ရီဝမ်ဝမ်ခမျာ အချိန်တွေကို နောက်ပြန်ဆုတ်လို့ ရရင် ပြန်ဆုတ်ပစ်ပြီး တခြားသရုပ်ဆောင်တစ်ယောက်သာ ရွေးယူလိုက်ချင် နေလေပြီ…

သူမ ရုတ်တရက်ကြီး ကုန်ရွှီ၏သရုပ်ဆောင်စကေးသည် သိပ်မဆိုးလှဟုပါ ပြေးမြင်သွားမိ၏…အခုနဲ့ယှဉ်လျှင် ကုန်ရွှီ၏သရုပ်ဆောင်ခြင်းကမှ နတ်ဘုရား အလားပင် ။

ဒီအခိုက်၊ ရေခဲတုံးယောကျာ်းသည် ထမ်းစင်ကို ကြမ်းပေါ် ဘုန်းခနဲ ပစ်ချလိုက်ပြီး လှဲချပစ်လိုက်၏ ။ ဘုန်း ခနဲ အသံအကျယ်ကြီး ထွက်လာပြီး ထမ်းစင်မှာ မြေကြီးပေါ်
ပုံ့ ပုံ့ လေးကျသွားပေသည် ။

ရီဝမ်ဝမ် ။  “…” ငါ မျှော်လင့်ထားတာ ဒီလိုမဟုတ်ဘူးလေ ။

လက်ရှိအချိန်တွင် သူတော်စင်နှင့်ပန်းစည်းသည်သာလျှင် ရီဝမ်ဝမ် အရှေ့တွင် ရှိနေကြသည် - အင်း..ဒီသရုပ်ဆောင်နှစ်ယောက်ကတော့ အောင်များအောင်နိုင်မလား….

“အဘိုးကြီး…သူတို့ ကို အခုချက်ချင်း လွှတ်လိုက်စမ်း ။
ငါ ၊ သေခြင်းတရား၏နှင်းဆီက မင်းတို့ရဲ့အသက်ကို ညှာတာပေးမယ်”

အမည်မရှိသောနန်မှာ သူ့ ဇာတ်ကောင်ထဲကနေ လွတ်ထွက်သွားပြီး စိတ်ထင်တိုင်းကြဲနေလေပြီ ။

ဒီအခိုက်၊ အမည်မရှိသောနန်အား ဒါသည် သေခြင်းတရား၏နှင်းဆီအဖွဲ့ ဝင် ဟုတ်ရောဟုတ်သေးရဲ့လားဟု ရီဝမ်ဝမ်မှာ ရှေ့ထွက်ကာမေးပစ်လိုက်ချင် နေလေပြီ…

ကြေးစားအဖွဲ့ သည် အမည်မရှိသောနန်အား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြသည် - ဒါက တကယ်ကြီး သေခြင်းတရား၏နှင်းဆီ အဖွဲ့ ဝင်လား ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now