စာစဉ် ၂၈ ( ၉ - ၁၄ )

9.6K 951 38
                                    

Book.              :   28
Chapter.          :  9 - 14
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၈၊ အခန်း ၉။ အနံ့တစ်ခုခု ရနေတယ်

ကားသည် လမ်းပေါ်တွင် ငြိမ့်ငြိမ့်လေး မောင်းလို့နေ၏ ။ သို့သော်၊ ကုန်ရွှီ၏စိတ်အခြေအနေသည်ကား ရိုလာကိုစတာ စီးနေရသည့်နှယ် ။

အနောက်ဘက်ခန်းတွင်၊ ကုန်ရွှီသည် လဲပြိုကျလုနီးနီး ဖြစ်လို့နေလျက် သူ့ကိုယ်သူ တတွတ်တွတ်ရွတ်လို့နေသည် ။
“ချီးပဲ ။ တကယ်ကြီး ငါ တစ်ခုခုဖြစ်နေတာလား။ အတွေးများနေမိတာ များလား။ ဒီသခင်လေးက ၃ နှစ်သား ကတည်းက ရည်းစားထားတာမှာ အရမ်းကျွမ်းခဲ့တာပါ - ဒီလိုကိစ္စမျိုးကို ငါ ဘယ်လိုလုပ်ပြီး မှားနိုင်ရမှာလဲ။ အစ်ကို ရီ နဲ့ အဲ့ဒီရုပ်ချောချောလူကြီးကြားမှာ တစ်ခုခုအနံ့ရတယ်။ ဟုတ်တယ်၊ တစ်ခုခု ရှိကိုရှိရမယ်”

ပြတင်းပေါက်နားကပ်ကာ ကြောက်ကြောက်လန့်လန့်နှင့်
ထိုင်နေသည့် ထန်ရှင်းဟျော်၊ တိုးတိုးလေး မေးလာသည် ။
“ငါ တစ်ခုလောက် ပြောကြည့်ရမလား”

ကုန်ရွှီ၊ သူ့အား ပိတ်ဟောက်ပစ်လိုက်၏ ။
“တိတ်တိတ်နေစမ်း”

ထန်ရှင်းဟျော်၊ ပြောလာသည်။
“ငါက အစ်ကို ရီ ယောကျာ်းတွေကြိုက်တာလား၊ မိန်းမတွေကို ကြိုက်တာလား ပြောချင်လို့ပါကွ။ မင်းက ဘာလို့ ဒီလိုဖြစ်နေရတာလဲ။ ဒါနဲ့ပတ်သက်ပြီးတော့…
မင်း လုံးဝ ဒေါသထွက်နေစရာမလိုဘူးလေ…”

ထန်ရှင်းဟျော်၏စကားလုံးတို့ ပြုတ်ကျလာသည့်အခိုက်
ကုန်ရွှီ၏မျက်နှာမှာ တန့်ရပ်သွားရသည် ။

ဟုတ်သားပဲ…

ရီပိုင် ယောကျာ်းကြိုက်ကြိုက် မိန်းမပဲကြိုက်ကြိုက်
ငါနဲ့ ဘာဆိုင်လို့လဲ။
ငါ ဘာလို့ အဲ့လောက်ကြီး ဂရုစိုက်နေမိတာလဲ ။

ကုန်ရွှီ၊ သူ့ကိုယ်သူ ပြောနေမိလေသည် ။
သူသည် ဂရုစိုက်နေမိခြင်းမဟုတ်။
အာရုံထဲ ရောက်ရောက်နေခြင်းမှာ ရီပိုင်သည် သကြားလုံးလေး၏အစ်ကို ဖြစ်နေတာကြောင့်သာဟု ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now