စာစဉ် ၄၀ ( ၁၁ + ၁၈ )

6.7K 956 67
                                    

Book.              :   40
Chapter.          :  11 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၀၊ အခန်း ၁၁ ။ သိမ်းထားချင်တယ်

ရွှီရီ တစ်ယောက်ထဲ ရှော့ရနေခြင်းမဟုတ် ၊ ရီဝမ်ဝမ်သည်လည်း ရှော့ရနေမိ၏ ။
တန်တန်နှင့် ဖြူကောင်ကြီးသည် ဤမျှထိ ခင်မင်ရင်းနှီးသွားကြလိမ့်မည်ဟု သူမ စိတ်ကူးထဲပင် မရှိခဲ့ဖူးပေ ။

ဥယျာဉ်ထဲတွင် ဖြူကောင်ကြီးသည် ငြိမ်ငြိမ်လေးလျှောက်သွားနေပြီး သစ်ပင်ကြီးတစ်ပင်အောက် အရောက်တွင် ရပ်လိုက်၏ ။ ထို့ နောက်
ကိုယ်ကို ညွှတ်ချလိုက်ကာ တန်တန်အား ဆင်းခိုင်းစေ၏ ။

တန်တန်သည် ရှေ့တိုးလာကာ ဖြူကောင်ကြီးအား
ပွေ့ ဖက်ထားပြီး ကျေးဇူးတင်ကြောင်းပြောရင်း ဖြူကောင်ကြီး၏နဖူးပေါ် အနမ်းတစ်ပွင့် ခြွေလိုက်၏ ။

မုန့် လုံးလေးနှင့် ဖြူကောင်ကြီး ပျော်ပျော်ရွှင်ရွှင်သင့်သင့်မြတ်မြတ် ဖြစ်နေကြသည်ကို လှမ်းကြည့်နေရင်း ရီဝမ်ဝမ်၏နှလုံးသားလေး အရည်ပျော်ကျလာသည် ။

သူမ မြန်မြန်ဆန်ဆန်ပင် ဖုန်းကို ထုတ်လိုက်ပြီး ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်၏ ။ ထို့ နောက် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလာသည် ။
“ကောင်းလိုက်တာ ။ ဖြူကောင်ကြီးကို တန်တန် သဘောကျလိမ့်မယ် လို့  ကျွန်မ မပြောဘူးလား ။
စီရီဟန်…ရှင် မြင်လား ။ ဖြူကောင်ကြီးကလည်း တန်တန်ကို သဘောကျတယ်။ တန်တန် ခြေထောက်နာသွားလို့  ဖြူကောင်ကြီးက သူ့ကို စိတ်ပါလက်ပါကို သယ်သွားပေးတာကို တွေ့ လား ။
ကျွန်မ ဖြူကောင်ကြီးကို သိမ်းထားချင်တယ် ။ တန်တန်ကိုလည်းပဲ အပိုင် သိမ်းထားချင်တယ်”

စီရီဟန် ပြန်ဖြေမလာတော့ ။  “…”

ဖြူကောင်ကြီးကို အပိုင်သိမ်းထားတာကတော့ ထားပါ ။
ဒါပေမယ့် တန်တန်ကိုပါ အပိုင်ခေါ်ထားဖို့ ဆိုတာက…

တန်တန်က သူများရဲ့ကလေးလေ…

ရီဝမ်ဝမ်သည် ပြောရင်းဆိုရင်း စီရီဟန်ဆီသို့  လျှောက်လာ၏ ။ “ကျွန်မလေ တန်တန်ကို ပြန်မပေးချင်တော့ဘူး”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now